close

ဆီးရီးယားသမ္မတ

close

March 16, 2022

ဆီးရီးယားစစ်ပွဲ ၁၁ နှစ်ပြည့် စစ်ဆန့်ကျင်ရေးဆန္ဒပြ

၂၀၁၁ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ် ၁၁ နှစ်ပြည့်နေ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အိုင်ဒ်လစ်ဘ်မြို့မှာ ဒီနေ့ ပြုလုပ်ပြီး လူထောင်ချီ ပါဝင်ခဲ့ပါတယ်။
ပြည်တွင်းစစ် ၁၁ နှစ်ကြာ ကာလအတွင်း လူထောင်သောင်းချီ သေဆုံးပြီး နိုင်ငံတွင်းက သန်းနဲ့ချီ ထွက်ပြေးခဲ့ကြတာပါ။
ဆန္ဒပြသူတွေက ဆီးရီးယားအလံတွေ၊ ပိုစတာတွေ ကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ် မတ်လကစပြီး သမ္မတ ဘာရှာ အယ်လ် အာဆဒ်ကို ဆန့်ကျင်ဆန္ဒပြခဲ့သူ ၁ သောင်းကျော်ဟာ တရုားရုံးထုတ်မှုမရှိဘဲ ဖမ်းဆီးခံထားရပါတယ်။ လူသိန်းချီ သေဆုံးခဲ့ပြီး တိုင်းပြည်လူဦးရေ တဝက်ကျော် ပြည်ပကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

7 mins Ago

April 21, 2020

ကပ်ရောဂါဖြစ်ပွားချိန် ပိတ်ဆို့အရေးယူမှုများ မရုပ်သိမ်းသည့်အပေါ် ဆီးရီးယားသမ္မတ ဝေဖန်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားစဉ်ကာလမှာ ပိတ်ဆို့အရေးယူဒဏ်ခတ်တာတွေ မရုပ်သိမ်းတာဟာ ကိုယ်ကျင့်တရားမဲ့တယ်ဆိုပြီး ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်က အမေရိကန်ကို ဧပြီ  ၂၀ ရက်မှာ ဝေဖန်လိုက်ပါတယ်။ မြို့တော် ဒမတ်စကပ်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန် သမ္မတအာဆတ်က အဲဒီလို မှတ်ချက်ပေးခဲ့တာပါ။ ဆီရီးယားနိုင်ငံပိုင် ရုပ်သံထုတ်လွှင့်တဲ့ ဗွီဒီယိုထဲမှာ သမ္မတ အာဆက်နဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီးနှစ်ယောက်စလုံး နှာခေါင်းစည်းတပ်ထားပြီး ခပ်ခွာခွာနေတဲ့ အစီအမံတွေကို လိုက်နာတာ တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ချိန်ကာလမှာ အမေရိကန်က ဆီးရီးယားနဲ့ အီရန် နှစ်နိုင်ငံစလုံးကို   ဆက်လက်အရေးယူဒဏ်ခတ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဟာ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးအရ ရင်းနှီးမြှုပ်နှံတဲ့နည်းလမ်း ဖြစ်လာတယ်လို့ သမ္မတအာဆက်က ပြောပါတယ်။  ဆီးရီးယားနဲ့ အီရန်အပေါ်  စီးပွားရေးအရ အရေးယူပိတ်ဆို့မှု ရုပ်သိမ်းဖို့ ငြင်းဆန်တာဟာ ကမ္ဘာကြီးကို အမေရိကန်ရဲ့ လူသားမဆန်တဲ့သဘာ၀ ပြသလိုက်တာ ဖြစ်တယ်လို့လည်း အီရန် နိုင်ငံခြားရေးဝန်ကြီး ဇာရိဗ်က ပြောပါတယ်။ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၈၃,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၅,၀၀၀ ကျော် ရှိပါတယ်။  ဆီးရီးယားမှာတော့ ကူးစက်သူ ၃၉ ယောက်နဲ့ သေဆုံးသူ ၃ ယောက်ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်အရ သိရပါတယ်။
2 years Ago
Up