close

ဆုန်ခရမ်

close

April 14, 2023

ချင်းမိုင်မြို့က ဆုန်ခရမ် ရေကစားပွဲ မြန်မာပြည်ဖွားတိုင်းရင်းသားများ ပါဝင်ဆင်နွှဲ (ဓာတ်ပုံ)

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဆုန်ခရမ် ရေကစားပွဲကို ဧပြီလ ၁၄ ရက်က တတိယနေ့ အဖြစ်ဆက်လက်ကျင်းပနေရာမှာ ထိုင်းလူမျိုးတွေနဲ့အတူ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွှဲနေကြပါတယ်။ 

ချင်းမိုင်ရောက် ရှမ်းလူမျိုးတွေကလည်း ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေမှာ ရေသပ္ပါယ် အလှူတွေ ကုသိုလ် လုပ်နေကြပါတယ်။ 

ချင်းမိုင် ဆုန်ခရမ် ရေကစားပွဲမှာ မဏ္ဍပ်ကြီးတွေနဲ့ ရေပက်တာမျိုး မဟုတ်ဘဲ ကျုံးဘေးတလျှောက် အချင်းချင်း ရေပက်ဆော့ကစားကြတာပါ။ 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကျင်းပတာ ၂ နှစ်ကျော်ပြီဖြစ်တဲ့ ဆုန်ခရမ်ပွဲကို ဒီနှစ်မှာ ထိုင်းအစိုးရက ပထမဆုံး ပြန်ကျင်းပခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ထိုင်းဆုန်ခရမ်ပွဲကို ကမ္ဘာလှည့် ခရီးသွားတွေ အများအပြား လာရောက်ပြီး ထိုင်းခရီးသွားလာရေးဝန်ကြီးဌာနက ဆုန်ခရမ် အားလပ်ရက်အတွင်း ခရီးသွားတွေ ၅ သန်းလောက် သွားလာကြမယ်လို့ မျှော်မှန်းထားပါတယ်။ 

သတင်း/ဓာတ်ပုံ - ဇွဲသစ်

15 hours Ago

April 13, 2023

ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင်ကျင်းပသည့် သင်္ကြန်ပွဲတော် (ဓာတ်ပုံ)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဧပြီ ၁၃ ရက်က ဆုန်ခရမ် (သင်္ကြန်)ပွဲ စတင်ကျင်းပခဲ့ရာမှာ သင်္ကြန်အလှမယ်တွေက ရိုးရာဝတ်စုံတွေဝတ်ဆင်ပြီးမြို့တွင်းလှည့်လည်ခဲ့ကြသလို အဖွဲ့လိုက် ရေပက်ခံထွက်ခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလအပြီး ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပတဲ့ မဲဆောက်သင်္ကြန်မှာ ဒေသခံ ထိုင်းလူမျိုးတွေသာမက မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်း ပါဝင် ဆင်နွှဲကြပါတယ်။

2 days Ago
Up