close

ဆူဒန်စစ်တပ်အာဏာသိမ်း

close

December 20, 2021

ဆူဒန်စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်သူများ သမ္မတအိမ်တော်သို့ ချီတက်ဆန္ဒပြ

ဆူဒန်နိုင်ငံမြို့တော်ခါတွန်မှာ စစ်တပ်အာဏာသိမ်းထားတာကို ကန့်ကွက်တဲ့အနေနဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က လူရာထောင်ချီ သမ္မတအိမ်တော်ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

သမ္မတအိမ်ရာဝင်းအထိ ချီတက်ခဲ့ပြီး ဂိတ်ပေါက်တွေကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြကာ ညနေမှာ ထိုင်သပိတ်လုပ်ဖို့ ဦးဆောင်သူတွေက စီစဉ်ခဲ့ပေမယ့် လုံခြုံရေးတွေက မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

အောက်တိုဘာ ၂၅ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက ကိုးကြိမ်မြောက် အကြီးမားဆုံး ဆန္ဒပြပွဲတခုပါ။ 

မနေ့က ဆန္ဒပြပွဲဟာ ၂၀၁၈ ခုနှစ်က အာဏာသက်တမ်းရှည် အုပ်ချုပ်နေတဲ့ အာဏာရှင် အိုမာ အလာ ဘာရှာကို လူထုအုံကြွမှုနဲ့ ဖြုတ်ချခဲ့ပြီး ပါတီအဆောက်အအုံကို မီးရှို့ခဲ့တဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက စစ်တပ်က အရပ်ဘက်ဝန်ကြီးချုပ်ကို ဟန်ပြ ရာထူးပြန်လွှဲပေးခဲ့ပေမဲ့၊ အစိုးရကိစ္စ အားလုံးမှာ စစ်တပ်ပါဝင်ခြယ်လှယ်နေတာကို ဆန္ဒပြသူတွေက လုံးဝဆန့်ကျင်ကြတာပါ။

‘ပြည်သူတွေဟာ ညီညွတ်တယ်၊ ဘယ်တော့မှ နောက်မဆုတ်ဘူး’ ဆိုတဲ့ ကြွေးကြော်သံတွေ တိုင်ပြီး ပြီးခဲ့တလမှာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေရဲ့ ဓာတ်ပုံတွေ၊ ဆူဒန်အလံတွေကို ဝှေ့ယမ်း ကြပါတယ်။

လုံခြုံရေးတွေက မြို့တော်ခါတွန်ကို ဆက်သွယ်ထားတဲ့ နိုင်းမြစ်တံတားကို ပိတ်ဆို့ထားပေမဲ့ ချီတက်သူတွေက ဖြတ်ကျော်ခဲ့ပါတယ်။ 

ဆန္ဒပြသူတွေကို လုံခြုံရေးတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာကြီးကြီးမားမားရသူ မရှိပါဘူးလို့ သိရပါတယ်။

1 min Ago
Up