close

ဆူနတ်ခ်

close

October 23, 2022

ဗြိတိန်ဝန်ကြီးချုပ်ရာထူး မျှော်မှန်းချက်နှင့်ပတ်သက်ပြီး ဆူနတ်ခ် မှတ်ချက် မပေး

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရိရှိဆူနတ်ခ်ဟာ အောက်တိုဘာ ၂၂ ရက်မှာ မြို့တော်လန်ဒန်က သူ့အိမ်ကနေ ထွက်လာချိန်မှာ ဗြိတိသျှဝန်ကြီးချုပ်ဖြစ်လာဖို့ မျှော်မှန်းထားတဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း ပန်နီမောဒေါင့်၊ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဆူနတ်ခ်နဲ့  ၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်တို့ဟာ ရာထူးကနုတ်ထွက်သွားတဲ့ လစ်ဇ်ထရပ်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ အလားအလာရှိတဲ့ ထိပ်တန်းပြိုင်ဘက်တွေဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဖြစ်လာဖို့ ကိုယ်စားလှယ်လောင်းတွေက ထောက်ခံမဲ ပေးနေကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်အပြီး နောက်ဆုံးခေါင်းဆောင်မှု ပြိုင်ပွဲမှာ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆူနတ်ခ်က စာရင်းသွင်းသူတွေရဲ့ အနှစ်သက်ဆုံးဖြစ်ပြီး ဂျွန်ဆင်က ဆူနတ်ခ်ရဲ့ နောက်မှာပါ။ မောဒေါင့်က တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ်က တာဝန်ထမ်းဆောင်ချိန် ခြောက်ပတ်အကြာမှာ ရာထူးကနေ နုတ်ထွက်မယ်လို့ အောက်တိုဘာ ၂၀ ရက်မှာ ပြောခဲ့လို့ ရင်းနှီးမြုပ်နှံသူတွေ ယုံကြည်မှု ကျိုးပျက်ခဲ့ပြီး သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီထဲမှာ ဒေါသထွက်ခဲ့ကြပါတယ်။

ကွန်ဆာဗေးတစ် ပါတီဝင်တွေက လာမယ့်ရွေးကောက်ပွဲမှာ သဘောထား ကွဲလွဲမှုတွေနဲ့ ရင်ဆိုင်နေရလို့ ခြောက်နှစ်အတွင်း ပဉ္စမမြောက် ဗြိတိန်ဝန်ကြီးချုပ် ရွေးကောက်ပွဲ ဖြစ်လာဖို့ အလားအလာရှိနေပါတယ်။ အနိုင်ရရှိသူကို အောက်တိုဘာ ၂၄ ရက်မှာဖြစ်စေ  အောက်တိုဘာ ၂၈ မှာ ဖြစ်စေ ကြေညာမှာ ဖြစ်ပါတယ်။ 

10 mins Ago
Up