close

ဆေဗက်စတိုပိုမြို့

close

August 21, 2022

ခရိုင်းမီးယားကျွန်းဆွယ်ရှိ ဆေဗက်စတိုပိုမြို့ကို ယူကရိန်းက ဒရုန်းဖြင့်တိုက်ခိုက်

ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ဆေဗက်စတိုပိုမြို့ကို ယူကရိန်းက ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဘက်က ပြောပါတယ်။

၂၀၁၄ ခုနှစ်တည်းက ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ ပေါက်ကွဲမှု အတော်များများဖြစ်ပွားခဲ့ပြီး ရုရှားရဲ့ ပင်လယ်နက် တပ်မဟာဌာနချုပ်နဲ့ ရုရှားကို သွားတဲ့ တံတားကြီးရှိရာ ဆေဗက်စတိုပိုမြို့နားမှာလည်း  ပေါက်ကွဲခဲ့ပါတယ်။

“မီးရှူးမီးပန်းလို ပေါက်ကွဲသံတွေ ကြားခဲ့တယ်။ ဒရုမ်းယာဉ်တွေ တချိန်ပြီးတချိန် လာနေမှန်း သိတယ်။ ဒါကြောင့် အဲဒီအတွက် အဆင်သင့် ပြင်ထားတယ်”လို့  ဆေဗက်စတိုပို ဒေသခံက ပြောပါတယ်။

ခရိုင်းမီးယားရှိ လေတပ်အခြေစိုက်စခန်းမှာ အရင်အပတ်က ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ခဲ့ပြီး နောက် အခုလို ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာပါ။

ယူကရိန်းဟာ  ရှေ့တန်းနဲ့ဝေးတဲ့ ရုရှားပိုင်နက်တွေကိုပါ ပစ်ခတ်နိုင်စွမ်း တိုးလာတာကို ပြသနေတယ်လို့  ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။

8 mins Ago
Up