close

ဆောက်သမ်တန်

close

March 13, 2023

ဆောက်သမ်တန်နှင့်ပွဲတွင် ဒိုင်လူကြီး၏ လွှမ်းမိုးမှုရှိခဲ့ဟု မန်ယူနည်းပြတန်ဟတ်ဂ်ဝေဖန်

ဆောက်သမ်တန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်ဟာ ကွင်းလယ်ဒိုင်လူကြီးရဲ့ လွှမ်းမိုးမှုရှိခဲ့ ကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်ကဝေဖန်သွားပါတယ်။

မန်ယူအသင်းဟာ ပွဲချိန်ကတည်းက ကွင်းလယ်လူ ကတ်စမီရို တိုက်ရိုက်အနီကတ်ပြအထုတ်ခံခဲ့ရပြီး တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာပါ။

ပွဲချိန်အတွင်းမှာ ပြိုင်ဘက် ကစားသမားက ပင်နယ်တီဧရိယာအတွင်းမှာ လက်ထိဘောဖြစ်ခဲ့ပေမယ့် ပင်နယ်တီမပေးခဲ့တဲ့အပေါ်မှာလည်း ဒိုင်လူကြီးရဲ့ လွှမ်းမိုးမှုပါဝင်ခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ဝေဖန်ခဲ့တာပါ။

“ကတ်စမီရိုဟာ ဥရောပမှာ ပွဲ ၅၀၀ ကျော်ကစားခဲ့ပေမဲ့ ဘယ်တုန်းကမှ တိုက်ရိုက် အနီကတ်ပြသခံရတာမရှိခဲ့ဘူး။ ပရီးမီးယားလိဂ်ရောက်လို့ ပွဲ ၂၀ ပဲ ကစားရချိန်မှာ အနီကတ်တွေ ပြသခံခဲ့ရ ပြီးပြီ။ ၄ ပွဲ ပယ်ခံရမဲ့အပေါ် အဆင်ပြေအောင်လုပ်ဆောင်သွားရမှာပါ။ ဒီပွဲမှာ ဒိုင်လူကြီးရဲ့ လွှမ်းမိုးမှုပါဝင်ခဲ့တာက ဒီကိစ္စတွေဖြစ်လာစေတာပဲ”လို့ နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ သသတ်မတ်တည်းမရှိကြောင်း ပွဲအပြီးမှာ ဂိုးသမားဒီဂီယာကလည်း ဝေဖန်သွားခဲ့ပါတယ်။ 

3 hours Ago

March 5, 2023

အပြောင်းအရွှေ့သတင်း မဖတ်ဘူးဟု ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာပြော

အပြောင်းအရွှေ့သတင်းတွေကို မဖတ်ကြောင်း ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ ဆောက်သမ်တန် ကွင်းလယ်လူရိုမီယိုလာဗီယာက ပြောပါတယ်။

အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူဟာ ဆောက်သမ်တန်မှာ ခြေစွမ်းကောင်းတချို့ ပြသနေလို့ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်ယူအသင်းတွေရဲ့ စိတ်ဝင်စားမှုခံနေရတာပါ။

ဒါပေမဲ့ ဆောက်သမ်တန်အသင်းက တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့အတွက် အသင်းအပေါ်မှာပဲ အာရုံစိုက်ထားပြီး အပြောင်းအရွှေ့သတင်းတွေကို မဖတ်ကြောင်း လာဗီယာကပြောခဲ့တာပါ။

“အပြောင်းအရွှေ့အကြောင်း မစဉ်းစားချင်တဲ့အတွက် အဲဒီလိုသတင်းတွေကိုတောင် မဖတ်ဖြစ်ပါဘူး။ အသင်းမှာ ကစားရတာပျော်ရွှင်နေပြီး ကျနော်လုပ်ဆောင်ရမယ့်အလုပ်တွေကိုပဲ အာရုံစိုက်ထား ပါတယ်။ အပြင်မှာ ဘယ်လိုပဲ သတင်းထွက်နေနေ ကျနော်ဆုံးဖြတ်နိုင်တဲ့ကိစ္စတွေလည်း မဟုတ်ပါဘူး။ ဒါကြောင့်လည်း အာရုံမထား ချင်တာဖြစ်တယ်”လို့ လာဗီယာက ပြောပါတယ်။

သူဟာ မန်စီးတီးအသင်းရဲ့ လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာသူဖြစ်ပြီး မနှစ်ကမှ ဆောက်သမ်တန်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

1 week Ago
Up