close

ဆောင်းဒဏ်ခံပစ္စည်း

close

January 13, 2022

အာဖဂန်ရှိ ဒုက္ခသည်များကို ဆောင်းဒဏ်ခံပစ္စည်းများ ယူနီဆက်ဖြန့်ဝေ

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည် စခန်းတွေထဲမှာ နေကြတဲ့ မိသားစုတွေကို ဆောင်းဒဏ်ခံပစ္စည်းတွေ ဖြန့်ဝေပေးနေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ယူနီဆက်က ထုတ်ပြန်ပါတယ်။

အမျိုးသမီးတွေက ဦးဆောင်တဲ့ အိမ်ထောင်စုတွေ၊ မသန်စွမ်း ကလေးတွေ ရှိတဲ့ မိသားစုတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ရှိတဲ့ မိသားစုတွေအတွက် ပစ္စည်းတွေကို ယူနီဆက်ဖ်က ဇန်နဝါရီ ၄ရက်က ဝေပေးနေတာပါ။

အမေရိကန်အစိုးရက အာဖဂန်အတွက် အမေရိကန်ဒေါ်လာ ၃၀၈ သန်း အပိုလှူဒါန်းဖို့ အစီအစဉ်ကို ထုတ်ပြောခဲ့လို့ ကုလသမဂ္ဂရဲ့ ဆောင်းရာသီ လှုပ်ရှားမှုကို စတင်ခဲ့တာပါ။

ဒါကြောင့် အောက်တိုဘာလက စပြီး အမေရိကန်က အာဖဂန်နဲ့ ဒေသတွင်းက အာဖဂန် ဒုက္ခသည်တွေအတွက် လှူဒါန်းငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၈၂ သန်းထိ ရှိသွားခဲ့ပါတယ်။

အာဖဂန်လူဦးရေရဲ့ ၅၅ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၂၃ သန်းနီးပါးဟာ အစွန်းရောက် ဆာလောင်မှုကို ခံစားနေရပြီး လူ ၉ သန်းနီးပါးက အငတ်ဘေး ကြုံနေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဩဂုတ်လမှာ တာလီဘန်တွေက အာဖဂန်ကို သိမ်းပိုက်အပြီး အာဖဂန်ရဲ့ စီးပွားရေး အကြပ်အတည်း အရှိန်မြင့်တက်ခဲ့ပါတယ်။

အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန် အုပ်ချုပ်သူတွေကတော့ စီစဉ်ထားတဲ့အကူအညီ အမေရိကန်ဒေါ်လာ ဘီလီယံချီကို စီမံခန့်ခွဲရာမှာ ညှိနှိုင်းဆောင်ရွက်ဖို့ နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့ တာလီဘန် အရာရှိတွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့တခု ဖွဲ့စည်းဖို့ ဇန်နဝါရီ ၁၂ ရက်က အဆိုပြုခဲ့ပါတယ်။

တာလီဘန်တွေဟာ နိုင်ငံခြား အကူအညီတွေကို ဝေမျှ ဖြန့်ဖြူးရာမှာ ပိုကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

12 hours Ago
Up