close

ဆောလူထုဆန္ဒပြ

close

September 13, 2022

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်ခန့်ထားရေး ဆောလူထုဆန္ဒပြ (ဓာတ်ပုံ)

ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက်ခန့်ထားရေး မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်နေ ပြည်သူလူထုက စက်တင်ဘာ ၁၃ ရက်မှာ ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဆောနဲ့ ကျောက်ထုအခြေစိုက် The Youth Force (Saw & Kyaukhtu) အဖွဲ့က  ဦးဆောင်ကျင်းပ လုံခြုံရေးယူပေးခဲ့ပြီး ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဆောမြို့နယ် ပ.က.ဖ အဖွဲ့ဝင်တွေကလည်း ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိရေး၊ NUG အစိုးရသာ ပြည်သူ့အစိုးရ၊ စစ်အာဏာရှင်ကို လုံးဝလက်မခံစတဲ့  ကြွေးကြော်သံတွေနဲ့ ဒေသခံလူထုက ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

6 hours Ago
Up