close

ဆော်ဒီကလပ်

close

May 10, 2023

မက်ဆီ၏အနာဂတ်ကို ရာသီကုန်ဆုံးချိန်ရောက်မှ ဆုံးဖြတ်မည်ဟု ဖခင်ဖြစ်သူဂျော့ ထုတ်ပြန်

မက်ဆီရဲ့အနာဂတ်ကို ရာသီကုန်ဆုံးချိန်ရောက်မှ ဆုံးဖြတ်မယ်လို့ ဖခင်ဖြစ်သူဂျော့က တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မက်ဆီဟာ ဆော်ဒီကလပ် အယ်လ်ဟီလာဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှုရရှိထားတယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။

အဲဒီသတင်းတွေဟာ သတင်းမှားတွေသာဖြစ်ပြီး မက်ဆီဟာ လာမယ့်ရာသီအတွက် ဘယ်အသင်းနဲ့မှ စာချုပ်ချုပ်ဆိုတာ၊ သဘောတူညီမှု ရယူထားတာမျိုးမရှိကြောင်း၊ ပီအက်စ်ဂျီအသင်းနဲ့ ရာသီမပြီးဆုံးမီ ဆုံးဖြတ်ချက်လုပ်ဆောင်သေးမှာ မဟုတ်ကြောင်း မက်ဆီရဲ့ဖခင် ဂျော့က သတင်းထုတ်ပြန်ပါတယ်။

“ရာသီကုန်ဆုံးချိန်ရောက်မှပဲ ပြန်လည်သုံးသပ်တာတွေလုပ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်မှာပါ။ ဒီအချိန်မှာတော့ မက်ဆီရဲ့ နာမည်ကို အသုံးပြုပြီး ကောလာဟလမျိုးစုံ ထွက်ပေါ်နေတယ်။ တစ်ခုတည်းသော အမှန်တရားကတော့ ရာသီကုန်ဆုံးချိန် မတိုင်ခင်အထိ ဘယ်အသင်းနဲ့မှ လက်မှတ်ထိုးတာ၊ နှုတ်အားဖြင့် သဘောတူညီတာမျိုး လုပ်ဆောင်မှာ မဟုတ်ပါဘူး”လို့ မက်ဆီရဲ့ဖခင် ဂျော့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မက်ဆီဟာ အယ်လ်ဟီလာအသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြတဲ့အပေါ် မက်ဆီကို လေးစားမှုရှိဖို့နဲ့ ကိုယ်ကျိုးစီးပွားအတွက် အသုံးမချကြဖို့လည်း တိုက်တွန်းသွားပါတယ်။

8 mins Ago

May 9, 2023

ဆော်ဒီကလပ် အယ်လ်ဟီလာ၏ ပေါင်သန်း ၃၂၀ တန် ကမ်းလှမ်းချက်ကို မက်ဆီသဘောတူ

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းရဲ့တစ်နှစ်လုပ်ခ ပေါင် ၃၂၀ တန်ကမ်းလှမ်းချက်ကို လက်ခံဖို့ အကြိုသဘောတူညီထားတယ်လို့သိရပါတယ်။

မက်ဆီဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းရဲ့လက်ကျန်ပွဲစဉ်တွေကိုပဲအာရုံစိုက်ထားပြီး ရာသီအကုန်မှာ စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အသင်းပြောင်းရွှေ့ခွင့်ရရှိမှာပါ။

စပိန်သတင်းစာ အယ်လ်ချီရင်ဂီတိုကတော့ မက်ဆီဟာ အယ်လ်ဟီလာအသင်းဆီပြောင်းရွှေ့ဖို့ သဘောတူထားပြီး ဘာစီလိုနာအသင်းဖော်ဟောင်း ဘူးစကွက်စ်ဟာလည်း ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့သဘောတူထားပြီးဖြစ်ကြောင်း ဖော်ပြပါတယ်။ 

ဒါ့အပြင် နောက်ခံလူ ယော်ဒီအယ်လ်ဘာဟာလည်း အယ်လ်ဟီလာအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ရှိလို့ ဘာစီလိုနာကစားသမားဟောင်းသုံးဦးဟာ ဆော်ဒီကလပ်မှာ အတူ တွဲဖက်ကစားခွင့်ရဖို့ရှိပါတယ်။

မက်ဆီဟာ ဆော်ဒီနိုင်ငံရဲ့ ခရီးသွားသံတမန်အဖြစ် တစ်နှစ်ကို ပေါင် ၂၅ သန်းရရှိနေပြီး ဆော်ဒီလိဂ်ဆီ အပြောင်းအရွှေမှာ အခက်အခဲမရှိနိုင်ဘူးလို့ စပိန်မီဒီယာတွေက သုံးသပ်ကြပါတယ်။

1 day Ago
Up