ဖေဖော်ဝါရီ ၄ ရက်နေ့ ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရုရှားသမ္မတပူတင်နဲ့ ဆော်ဒီ တရားဝင်အုပ်ချုပ်သူ အိမ်ရှေ့မင်းသား မိုဟာမက်ဒ်ဘင် ဆဲလ်မန်တို့ကို ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများအဖြစ် တရုတ်အစိုးရက ဖိတ်ကြားခဲ့ပါတယ်။
ယူကရိန်းနယ်စပ်မှာ စစ်ရေးချထားမှုတွေကြောင့် အနောက်အုပ်စုက ဖိအားပေးခံနေရတဲ့ သမ္မတပူတင်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ နီးနီးကပ်ကပ် တွေ့ဆုံဆွေးနွေးကြမှာပါ။
တရုတ်ရဲ့ အခြားဂုဏ်သရေရှိဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရသူတွေက ပိုလန်သမ္မတ အန်ဇာ ဒူဒါ နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန် တို့ပါ။
အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ ဩစတြေးလျတို့က တရုတ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတာကြောင့် သူတို့ရဲ့ နိုင်ငံ့အဆင့်မြင့်အရာရှိတွေ မလွှတ်ဘူးလို့ ကြေညာထားပါတယ်။ တရုတ်ကလည်း အဲဒီနိုင်ငံတွေကို ဖိတ်ကြားမယ်လို့ ဘယ်တုန်းကမှ ပြောမထားဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ အိုလံပစ်အားကစားပွဲတွေ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ပြီးဆုံးမှာပါ။