close

ဆော်ဒီရေနံကုမ္ပဏီ

close

May 11, 2022

တောင်ကိုရီးယား သမ္မတသစ် နိုင်ငံတကာကိုယ်စားလှယ်အဖွဲ့များအား တွေ့ဆုံ

တောင်ကိုရီးယား သမ္မတသစ် ယွန်းဆက်ယိုးလ်ဟာ မေ ၁၁ ရက်မှာ ကနေဒါနိုင်ငံက အထက်လွှတ်တော်ဥက္ကဋ္ဌ ဂျော့ချ်ဖာရေး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဆိုးလ်မြို့မှာ လက်ခံတွေ့ဆုံပါတယ်။

မနေ့က ရာထူးလက်ခံတဲ့ သမ္မတသစ်ကို ကနေဒါ ကိုယ်စားလှယ်အဖွဲ့က သွားရောက်တွေ့ဆုံသလို ဆော်ဒီ ရေနံကုမ္ပဏီဖြစ်တဲ့ Saudi Aramco ရဲ့ ဘုတ်အဖွဲ့ ဒါရိုက်တာလည်းဖြစ်၊ Public Investment Fund အဖွဲ့က အုပ်ချုပ်ရေးအရာရှိလည်း ဖြစ်တဲ့ ယာဆာ အောသ်မန် အယ် ရူမေယံကလည်း သွားရောက်တွေ့ဆုံပါတယ်။

ကနေဒါနဲ့ ဆော်ဒီက ကိုယ်စားလှယ်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေဟာ မနေ့က သမ္မသစ်ရာထူး လက်ခံတဲ့ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ကြပါတယ်။

သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားကို နိုင်ငံခြားသားဧည့်သည် ၃၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားသမ္မတသစ်ဟာ အင်ဒိုနီးရှား၊ ကာတာ၊ နိုင်ဂျီးရီးယား၊ ကာတာ၊ မွန်ဂိုလီးယားတို့က ကိုယ်စားလှယ်အဖွဲ့တွေ၊ ဂျပန်က လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အသက် ၆၁ နှစ်အရွယ် တောင်ကိုရီးယားသမ္မတဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုနဲ့ ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေးဆိုတဲ့ စိန်ခေါ်မှုနှစ်ခုကို အဓိက ရင်ဆိုင်ကိုင်တွယ်ရဖို့ ရှိပါတယ်။

2 hours Ago
Up