close

ဆော်လကျွန်းစုနိုင်ငံ

close

March 27, 2022

ဆော်လမွန်ကျွန်းစုနိုင်ငံက တရုတ်နှင့် လုံခြုံရေးမိတ်ဖက်လုပ်နေသည့်အပေါ် ဩစတြေးလျ စိုးရိမ်

ဆော်လမွန်ကျွန်းစုနိုင်ငံက တရုတ်နဲ့ လုံခြုံရေးမိတ်ဖက် လုပ်ဆောင်နေတယ်လို့ အတည်ပြုလိုက်တဲ့နောက် ဩစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပစိဖိတ်ဒေသအတွက် ကြီးမားတဲ့ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်သွားပြီလို့ ပြောလိုက်ပါတယ်။ 

မတ် ၂၅ ရက်က ဆော်လမွန်ကျွန်းစုနိုင်ငံက တရုတ်နဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့လုပ်ဆောင်နေပြီလို့ ကြေညာခဲ့တာပါ။ 

ပစိဖိတ်ကျွန်းနိုင်ငံရဲ့ တရုတ်နဲ့ လုံခြုံရေးသဘောတူစာချုပ်က ဩစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်ရဲ့မဟာမိတ်တွေကို စိုးရိမ်မှု ပိုကြီးသွားစေပါတယ်။  တရုတ်က ဆယ်စုနှစ်များစွာ ပိစိဖိတ်ဒေသကို လွှမ်းမိုးဖို့ ကြိုးစားနေတာပါ။

ဝန်ကြီးချုပ်မောရစ်ဆင်က “ကျနော်တို့ရဲ့ ပစိဖိတ်မိသားစုဝင်နိုင်ငံတွေနဲ့ အမြဲဆက်ဆံနေတာပါ။ အခု ပစိဖိတ် မိသားစုတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါပြီ” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့အပတ်မှာ တရုတ်နဲ့ ဆော်လမွန်ကျွန်းစုတို့ လုံခြုံရေးသဘောတူစာချုပ် ရေးထိုးဖို့ ရှိတယ်ဆိုတဲ့ သတင်းပေါက်ကြားကတည်းက  ဩစတြေးလျက စိုးရိမ်ဖို့ကောင်းနေပြီလို့ ပြောဆိုခဲ့ တာပါ။

53 seconds Ago
Up