close

ဆေးခန်း

close

December 20, 2022

တရုတ်နိုင်ငံမြို့တော်တွင် ဖျားနာသူများလာသဖြင့် ဆေးခန်းအသစ် ၁,၂၀၀ နီးပါး တိုးမြှင့်ဖွင့်လှစ်

တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းမှာ ကိုဗစ်နဲ့ တုပ်ကွေးရောဂါဖြစ်ပွားသူများလာလို့ ဖျားနာရောဂါကု ဆေးခန်းအသစ် ၁,၂၀၀ နီးပါးအပြင် ယာယီဝန်ဆောင်မှုပေးတဲ့ စင်တာတွေနဲ့ တိုးမြှင့်လိုက်တယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပေကျင်း တိုင်းရင်းဆေးပညာ စီမံအုပ်ချုပ်မှုဒါရိုက်တာ တုကျိထောင်က အဖျားရှိလူနာ အရေအတွက် တိုးလာနေတာကြောင့် မြို့တော်စည်ပင်အနေနဲ့ အရေးပေါ် အရေးယူ ဆောင်ရွက်နေပြီလို့ ပြောပါတယ်။

တရုတ်အစိုးရဟာ လက်ရှိအခြေအနေအရ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေကို အချိန်နဲ့တပြေးညီ ပြုပြင်ပြောင်းလဲခဲ့ပြီး အဖျားရှိတဲ့လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ အလယ်တန်းနဲ့ အထက်အဆင့်ရှိတဲ့ ဆေးရုံ ၃၀၃ ခု အပါအဝင် အဖျားကုဆေးခန်းပေါင်း ၁,၂၆၃ ခုထိ အမြန်တိုးလာခဲ့တယ်လို့ သူကပြောပါတယ်။

“ရာသီတုပ်ကွေးရောဂါနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေအတွက် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်တွေကို ပိုကောင်းကောင်းတုံ့ပြန်နိုင်ဖို့ ယာယီဆေးရုံတွေ၊ အားကစားရုံတွေ၊ ပြပွဲခန်းမတွေနဲ့ တခြားနေရာတွေကို အဖျားရှိလူနာတွေအတွက် ဝန်ဆောင်မှုဌာနတွေအဖြစ် ပြောင်းလဲပေးခဲ့တယ်။ ဆေးဘက်ဆိုင်ရာဌာနတွေမှာ အဖျားတက်တဲ့ ဆေးခန်းတွေမှာ ဖိအားတွေကို သက်သာရာရစေတယ်” လို့ သူက ဆက်ပြောပါတယ်။

အခုအချိန်အထိ ခရိုင်ရှစ်ခုမှာ အားကစားရုံတွေလို ရနိုင်တဲ့နေရာတွေကို အရေးပေါ် ဆေးဝါးတွေ၊ စက်ကိရိယာတွေနဲ့ ကုတင်တွေ တပ်ဆင်ထားတဲ့ အဖျားကုဆေးခန်းတွေအဖြစ် ပြောင်းလဲခဲ့ပြီး တနေ့ကို လူနာအယောက် ၄,၂၀၀ အထိ တိုးမြှင့်လက်ခံခဲ့တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ကပ်ရောဂါ အရှိန်အဟုန်နဲ့ ပျံ့နှံ့နေပြီး အဖျားလူနာဦးရေ ဆက်တိုက် မြင့်တက်နေတာကြောင့် မြို့တော်ရဲ့ ဆေးဝါးထောက်ပံ့မှုနဲ့ ဆေးဝါးကုသရေး အရင်းအမြစ်တွေဟာ ဖိအားတွေ တိုးလာနေပါတယ်။

ဆေးဝါးကုသမှုနဲ့ ဆေးဝါးလိုအပ်ချက် ဟန်ချက်ညီဖို့ အကြိတ်အနယ် ကြိုးစားနေရသေးပေမဲ့ အရှိန်အဟုန်နဲ့ တည်တည်ငြိမ်ငြိမ် တိုးတက်လာနေပြီ”လို့ ပေကျင်းမြို့တော် မြူနီစီပယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရွှီဟော့ကျန်းက ပြောပါတယ်။

8 mins Ago

July 22, 2021

လားရှိုးမြို့တွင် ဆေးကုသရန် ဆေးခန်းရှေ့စောင့်နေသည့် လူနာ ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၇) လုံလော့စျေးအနီးက ဆေးခန်းမှာ ဇူလိုင် ၂၂ ရက်နေ့က ဆေးဝါးကုသဖို့စောင့်ဆိုင်းနေရင်း လူနာတစ်ဦး သေဆုံးခဲ့တာကြောင့် Covid-19 Operation Team က သယ်ဆောင်မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

လားရှိုးမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူတွေနဲ့ ထိတွေ့ဆက်စပ်သူ ၂၁၄ ဦးကို ဇူလိုင် ၂၁ ရက်နေ့က PCR Swab ယူစစ်ဆေးခဲ့ရာမှာ ရောဂါပိုးကူးစက်ခံထားရသူ ၅၂ ဦး တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် အနံ့ပျောက်နေသူ‌တွေနဲ့ အခြားအရေးကြီးလူနာတွေကို စစ်ဆေးခဲ့ရာမှာလည်း ပိုးကူးဆက်ခံရသူ ၁၇ ဦးတွေ့ရှိခဲ့တာကြောင့် ဇူလိုင် ၂၁ ရက်နေ့ တစ်ရက်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၆၉ ဦး ထိရှိလာပါတယ်။

လက်ရှိ လားရှိုးမြို့မှာ ဇွန် ၉ ရက်နေ့ကနေ ဇူလိုင် ၂၁ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြူလူနာ စုစု‌ပေါင်း ၁၃၅၄ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

အဲ့ဒီထဲက ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရသူ ၇၃၉ ဦးရှိပြီး သေဆုံးသူ ၈၀ ကျော်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ဆေးရုံ၊ ဆေးခန်း‌တွေကို မသွားဘဲ မိမိအစီအစဉ်နဲ့ ကုသနေသူတွေ သေဆုံးတာတွေလည်းရှိနေပါတယ်။

1 year Ago
Up