ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားခဲ့တဲ့ ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပြီးတဲ့နောက် ထိုင်းနိုင်ငံတဝန်းမှာ ဆေးခြောက်မှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အယောက် ၃,၀၀၀ ကျော်ကို ဇွန် ၉ ရက်မှာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။
ဆေးခြောက်ကို အဆင့်ငါး မူးယစ်ဆေးစာရင်းထဲကနေ ဖယ်ရှားပြီးတဲ့နောက် ပြည်နယ်အသီးသီးက ထောင်ချီတဲ့ ထောင်သားတွေဟာ ထောင်ဝင်းထဲကနေ ထွက်လာကြပြီး သူတို့ဆွေမျိုးတွေကို နှုတ်ဆက်ခဲ့ကြတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြကြပါတယ်။
ထိုင်းနိုင်ငံဟာ စိုက်ပျိုးရေးနဲ့ ခရီးသွားကဏ္ဍ မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ဆေးခြောက်ပါတဲ့ စားစရာနဲ့ သောက်စရာတွေကို ကြာသပတေးနေ့က စပြီး တရားဝင်ခွင့်ပြုလိုက်ပေမဲ့ ဆေးခြောက်ရှူတကတော့ ပြည်သူ့ကျန်းမာရေးဥပဒေတွေကို ချိုးဖောက်ရာ ရောက်နေဆဲပါ။
နာကျင်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေဖို့ ဆေးခြောက်သုံးတဲ့ အစဉ်အလာရှိတဲ့ ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးဖို့ ၂၀၁၈ ခုနှစ်မှာ တရားဝင် ခွင့်ပြုခဲ့ပါတယ်။