close

ဆေးခြောက်လေ့လာရေးခရီးစဉ်

close

June 24, 2022

ထိုင်းနိုင်ငံ ဆေးခြောက်လေ့လာရေးခရီးစဉ်တွင် မြန်မာခရီးသွားများ လိုက်ပါ

အာရှဒေသအတွင်းမှာ ဆေးခြောက်သုံးစွဲတာကို ရာဇဝတ်မှုအဖြစ်ကနေ အခုနှစ် ဇွန် ၉ ရက်မှာ ဖယ်ရှားခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ပထမအကြိမ် ဆေးခြောက်လေ့လာရေးခရီးစဉ်မှာ မြန်မာခရီးသွားတွေ လိုက်ပါသွားခဲ့ပါတယ်။

တရားဝင်ခွင့်ပြုခဲ့တဲ့ကာလ နှစ်ပတ်အတွင်းမှာ ဒီခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပြီး ဇွန် ၂၄ ရက်ကနေ ၂၆ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသက မျိုးကွဲစုံလင်လှတဲ့ ဆေးခြောက်စိုက်ခင်းတွေ၊ ဆေးခြောက်ကရတဲ့ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းတွေကို မြည်းစမ်းလေ့လာနိုင်မယ့် အစီအစဉ်တွေ ပါဝင်တယ်လို့ လိုက်ပါသွားသူတဦးက ပြောပါတယ်။

ဆေးခြောက်လေ့လာရေးခရီးစဉ်ကို Director Go ခရီးသွားကုမ္ပဏီက စီစဉ်ခဲ့တာဖြစ်ပြီး ဘန်ကောက်-မယ်ဟောင်ဆောင် ဆေးခြောက်လေ့လာရေးခရီးစဉ်အတွက် ၉,၉၉၉ ဘတ် သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ဆေးခြောက်နဲ့ မျိုးရင်းတူ HEMP က သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက် ရှိပါတယ်။

ရိုးရာအစဉ်အလာအရပါ ဆေးခြောက်အပင်ကို သုံးစွဲသူတွေ ရှိနေပေမဲ့ ဒီလိုသုံးစွဲတာကို ရာဇဝတ်မှုမြောက်တယ်လို့ သတ်မှတ်ထားပါတယ်။

1 min Ago
Up