close

ဆေးနှင့်ဆေးနှီးနွှယ်

close

April 23, 2021

NUG အစိုးရကိုသာ အသိမှတ်ပြုကြောင်း ဆေးနှင့်ဆေးနှီးနွှယ်မှ ပညာရှင်များ ကျောင်းသားများ ဆန္ဒပြ

ပြည်တောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကဖွဲ့ စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ အသိမှတ်ပြုကြောင်း ဆေးနှင့်ဆေးနှီးနွှယ်မှ ပညာရှင်များ ကျောင်းသားများ (White Coat Society) က ဧပြီလ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

NLD ရုံးချုပ်ရှေ့နဲ့ ရန်ကုန်မြို့ကလူ စည်းကားရာနေရာတွေမှာ လိုက်လံဆန္ဒပြခဲ့ကြတာဖြစ်ပြီး အာဆီယံမှာလည်း လူထုရဲ့အသံ လူထုရဲ့အစိုးရ NUG ကိုသာ အသိမှတ်ပြုဖိတ်ကြားဖို့လည်း ဆန္ဒပြခဲ့ကြတယ်လို့ ပါဝင်သူ ၁ ဦးကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကိုသာ အသိမှတ်ပြုကြောင်း ဆန္ဒပြတာတွေပြုလုပ်နေချိန်မှာ လမ်းမှာသွားနေတဲ့ ပြည်သူတွေကလည်း ကားဟွန်းရှည်များတီးကာ ဝိုင်းဝန်းထောက်ခံအားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

5 months Ago
Up