close

ဆဲလ်ဘက်

close

April 16, 2022

ဆဲလ်ဘက်တိုက်စစ်မှူး အက်ဒီယီမီကိုခေါ်ယူနိုင်ရန် လီဗာပူးအသင်း ဆွေးနွေး

လီဗာပူးအသင်းဟာ သြစတြီးယားကလပ် ဆဲလ်ဘက်တိုက်စစ်မှူး အက်ဒီယီမီကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ 

အသက် ၂၀ သာရှိသေးတဲ့ ဂျာမနီလူငယ်ကြယ်ပွင့်ဟာ ဆဲလ်ဘက်မှာ အဓိကတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေပြီး ဥရောပပွဲစဉ်တွေမှာ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုခံခဲ့ရပါတယ်။ အက်ဒီယီမီဟာ ဆဲလ်ဘက်နဲ့ ၁၂၃ ပွဲမှာ ၄၅ ဂိုးသွင်းပြီး ၃၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဂျာမနီလက်ရွေးစင်အတွက် ပထမဆုံးသွင်းဂိုး ရယူနိုင်ခဲ့တဲ့ အက်ဒီယီမီကို ပေါင် ၃၅ သန်း တန်ကြေးသတ်မှတ်ထားပါတယ်။ 

လီဗာပူးအသင်းဟာ တိုက်စစ်မှူး အိုရီဂီကို အေစီမီလန်အသင်းဆီပြောင်းရွှေ့ခွင့်ပြုခဲ့တာကြောင့် အက်ဒီယီမီကို ခေါ်ယူအားဖြည့်ဖို့ ကြိုးပမ်းလာခဲ့တာပါ။ 

ဒါ့အပြင် စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေသေးတဲ့ ဆာလက်နဲ့ တိုက်စစ်မှူး ဖေမီနိုတို့ရဲ့ အနာဂတ်ဟာလည်း မတည်မငြိမ်ဖြစ်နေတာကြောင့် လူငယ်ကြယ်ပွင့်တိုက်စစ်မှူး အက်ဒီယီမီနဲ့ အစားထိုးဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ 

2 mins Ago

January 7, 2021

ပရီးမီးယားလိဂ်တွင်  ကစားလိုကြောင်း ဆဲလ်ဘက်တိုက်စစ်မှူး ပက်စတန်ဒါကာ ပြော

မန်ယူနဲ့ လီဗာပူးအသင်းတွေက ခေါ်ယူလိုနေတဲ့ ဆဲလ်ဘက်တိုက်စစ်မှူး ဒါကာကတော့ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ကစားချင်တယ်လို့ ပြောပါတယ်။  ဇမ်ဘီယာတိုက်စစ်မှူး  ပက်စတန်ဒါကာဟာ သြစတြီးယားလိဂ်မှာ ခြေစွမ်းပြနေပြီး  ၁၇ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူထားသူပါ။  တိုက်စစ်မှူး ဒါကာဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက စပါးအသင်းကို ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ဖူးပါတယ်။  ပရီးမီးယားလိဂ်က အာဖရိကန်ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်း၊ ဆာလာနဲ့မာနေး တို့ကို  အားကျပြီး တချိန်မှာ လာရောက်ကစားချင်တဲ့ အိပ်မက်ရှိတယ်လို့ ဒါကာက ပြောပါတယ်။  အဲဒီလို အကောင်းဆုံး အာဖရိကန်ကစားသမားတွေနဲ့ နှိုင်းယှဉ်ချီးကျူးခံရတာကိုလည်း ဝမ်းမြောက်မိပြီး မာနေး ကစားပေါက်ရှိတယ်လို့ ချီးကျူးခံရတာကိုလည်း ကျေနပ်ကြောင်း ဒါကာက ပြောပါတယ်။  ဆဲလ်ဘက်အသင်းဟာ မာနေး ကစားခဲ့ဖူးတဲ့အသင်းဖြစ်ပြီး ဟာလန်းဟာလည်း အဲဒီကနေ တဆင့်  ခြေစွမ်း ပြခဲ့သူဖြစ်ပါတယ်။ 
1 year Ago
Up