ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှာ မတ်လ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး အမျိုးသားနှစ်ယောက်ကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ခင်ဒူယန်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ အသက် ၄၀ လောက်အရွယ် ကျေးရွာ ဒေသခံ အမျိုးသားနှစ်ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေပါတယ်။
ဒေသခံ အမျိုးသားတဦးက "မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်းမှာ မတ်လ ၁၂ ရက်နေ့ကတည်းက စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာ။ ဒီနေ့ စစ်ကြောင်းက ကျနော်တို့ ခင်ဒူယန်ကို ရောက်လာပြီး ကျေးရွာလူကြီး နှစ်ယောက်ကို လမ်းပြအဖြစ် ဖမ်းသွားတယ်။ မနက်ပိုင်းကတည်းက ဖမ်းသွားတာ ညအထိ ပြန်မရောက်လာဘူး။ မိသားစုကတော့ အတော်လေး စိုးရိမ်နေတယ် "လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနား ဆွမ်ပရာဘွမ် လမ်းမကြီးမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ မတ်လ ၁၂ ရက် ညပိုင်းက ဆွတ်ခါးကျေးရွာအနီး ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် မတ်လပိုင်းက စတင်ပြီး စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဆွမ်ပီယန်ကျေးရွာ ဆူးယန်ကျေးရွာ၊ ခင်ဒူးယန်ကျေးရွာ၊ ဆွတ်ခါးကျေးရွာ၊ မိုင်ထောင်ကျေးရွာ အနီး စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမူတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲဖြစ်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဆွတ်ခါးကျေးရွာသူတဦးက "ဒီရက်ပိုင်း ကျမတို့ ကျေးရွာအနီးမှာ စစ်တပ်က စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုတွေ မကြာခဏ လုပ်လာတယ်။ ဘာကြောင့်လုပ်လဲတော့မသိဘူး။ စစ်ကြောင်းထိုးလာရင် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးဝင်လာတော့ တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်ရတယ်" လို့ ပြောပါတယ်။
မြစ်ကြီးနား ဆွမ်ပရာဘွမ် ပူတာအိုလမ်းမကြီးမှာ မောင်းနှင်ကြတဲ့ မော်တော်ယာဉ်တွေအနေနဲ့ ကုန်ပစ္စည်းတွေကို မိုးကာ အကြည်နဲ့သာဖုံးအုပ်ထားဖို့၊ ခရီးသည်တင် မော်တော်ယဉ်တွေ မှန်ချမောင်းနှင်ဖို့နဲ့ ည ၆ နာရီမှ မနက် ၆ နာရီအတွင်း မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ မတ် ၁ ရက် KPDF က ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာ များပြားလာတယ်လို့ သိရပါတယ်။
အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာ အရင်ကထက် များပြားလာပေမယ့် အရေးယူမှုအပိုင်း အားနည်းတဲ့အတွက် မိဘတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "မူးယစ်ဆေးဝါးသုံးစွဲတဲ့အထဲ ၁၅ နွစ် ၁၆ နှစ် ကလေးတွေပါ တွေ့နေရတယ်။ အေရးယူတာတွေလည်း မရှိသလောက် နည်းသွားပြီ။ အသုံးအများဆုံးက နံပါတ်ဖိုးပဲ။ လူသွားလူလာ သိပ်မရှိတဲ့ နေရာတွေမှာဆို ဆေးထိုးအပ်တွေ ပစ်ထားတယ်။ ကိုယ့်သားသမီးတွေ မူးယစ်ဆေးသုံးစွဲမှာကို မိဘေတွ အေတာ်လေး စိုးရိမ်နေတယ်" လို့ ပြောပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ်မှာ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ ရှိပေမယ့်လည်း ခေတ်ကာလ နိုင်ငံရေးအခြေအနေကြောင့် မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။