close

ဆွမ်ပီယန်

close

February 1, 2022

ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေနှင့် PDF ပူးပေါင်းသိမ်းပိုက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာရှိတဲ့ ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၁၇)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖေ‌ဖော်ဝါရီ ၁ ရက်  ဒီနေ့မနက် ၁၁ နာရီက  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆွမ်ပီယန်စစ်ကောင်စီ တပ်စခန်းသိမ်းပိုက်ရရှိတာနဲ့ ပတ်သက်ပြီး NUG ရဲ့ သယံဇာတရေးရာဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း သူ့ရဲ့လူမှုကွန်ရက်မှာ ကချင်ဘာသာနဲ့ အတည်ပြုရေးသား ဝေမျှထားပါတယ်။

သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီတပ်စခန်းဟာ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တို့ အထိုင်ချတဲ့ တပ်စခန်းဖြစ်တယ်လို့သိရပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ဆွမ်ပီယန်နဲ့ ၅ မိုင်အကွာမှာရှိတဲ့ ဆင်ကပ်တောင် စစ်ကောင်စီစခန်းကို ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့သိရပါတယ်။

ကချင်ပြည်နယ်ထဲက ဆွမ်ပီယန်ဒေသဟာ  ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်မဟာ(၁) လက်အောက်ခံတပ်ရင်းတွေ လှုပ်ရှားရာဒေသဖြစ်ပါတယ်။

3 mins Ago
Up