close

ဆွီဒင်ကွင်းလယ်ကြယ်ပွင့်

close

January 31, 2023

ဆွီဒင်ကွင်းလယ်ကြယ်ပွင့် ယာရှင်အာရာယီကို ဘရိုက်တန်အသင်းခေါ်ယူ

ဘရိုက်တန်အသင်းဟာ ဆွီဒင်ကလပ် AIK အသင်းက ကွင်းလယ်လူ ယာရှင်အာရာယီကို စာချုပ်ခေါ် ယူခဲ့ပါတယ်။

အသင်းပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့တဲ့ကွင်းလယ် ကိုင်စီဒိုကို လူစာရင်းကနေထုတ်ပယ်ခဲ့ ပြီးနောက်မှာ အဲဒီနေရာမှာ ကစားနိုင်တဲ့ ယာရှင်ကိုခေါ်ယူခဲ့တာပါ။

အသက် ၁၉ နှစ်ပဲရှိသေးတဲ့ အာရာယီဟာ ဆွီဒင်လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပြီး AIK အသင်းမှာ ၄၈ ပွဲကစားကာ ၆ ဂိုးသွင်းခဲ့ပါတယ်။

ဘရိုက်တန်အသင်းနည်းစနစ်ဒါရိုက်တာ ဒေးဗစ်ဝီယာကတော့ ယာရှင်အာရာယီဟာ နည်းစနစ်ပိုင်းကောင်းမွန်ပြီး နေရာစုံမှာအသုံးပြုနိုင်တဲ့ ကွင်းလယ်ကစားသမားဖြစ်ကြောင်း ချီးကျူး ပါတယ်။

ပရီးမီးယားလိဂ်မှာ အခြေကျဖို့ အချိန်လိုအပ်နိုင်ပေမယ့် သူ့ကို ကူညီပေးသွားမှာဖြစ်ကြောင်း ဆက်ပြီးပြောပါတယ်။

ဘရိုက်တန်နည်းပြ ဒီဇာဗီကတော့ ကိုင်စီဒိုကို ဆက်ရှိလိုပေမယ့် သူမရှိရင်လည်း အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်ရမှာဖြစ်ကြောင်း တရားဝင်ပြောကြားထားပါတယ်။ 

5 mins Ago
Up