close

ဆွီဒင်ရွေးကောက်ပွဲ

close

September 16, 2022

ဆွီဒင်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အန်ဒါဆန်၏ပါတီ ရှုံးနိမ့်

ဆွီဒင်ရွေးကောက်ပွဲအတွက် မဲအားလုံးနီးပါး ရေတွက်ပြီးစီးတဲ့ စက်တင်ဘာ ၁၄ ရက်မှာ အတိုက်အခံ အလယ်အလတ်ပါတီရဲ့ ခေါင်းဆောင် အောလ်ဖ်ခရစ္စတာဆန်က သူဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ အခွင့်အရေးရှိပြီး အစိုးရသစ်ဖွဲ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

ညနေပိုင်းမှာ ဆွီဒင်ရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဝန်ကြီးချုပ် မက်ဒလီနာ အန်ဒါဆင်က ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံခဲ့ပါတယ်။

လေးပါတီ လက်ယာယိမ်း အတိုက်အခံအစုအဖွဲ့က အနိုင်ရသွားပြီး အစိုးရသစ်ဖွဲ့စည်းဖို့ ပထမဆုံး ဆောင်ရွက်ခဲ့ပါတယ်။

မဲအနည်းငယ် ရေတွက်ဖို့ ကျန်နေသေးပေမဲ့ မနှစ်က ဆွီဒင်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတဲ့ အန်ဒါဆန်က မဲရလဒ်တွေဟာ အစုအဖွဲ့က အနိုင်ရတာ မှန်ကန်ကြောင်း ပြသခဲ့တယ်လို့ ပြောပါတယ်။

ဆွီဒင်ဒီမိုကရက်တွေ၊ ခရစ်ယာန်ဒီမိုကရက်တွေနဲ့ လစ်ဘရယ်ပါတီတွေက စက်တင်ဘာ ၁၁ ရက် ရွေးကောက်ပွဲအပြီးမှာ တစည်းတလုံးတည်း ဦးဆောင်နိုင်ခဲ့ပေမဲ့ အမတ်နေရာ ၃၄၉ ယောက်ရှိတဲ့ လွှတ်တော်မှာ ၁၇၆ နေရာကို ရယူထားတယ်လို့ ရွေးကောက်ပွဲ အာဏာပိုင်တွေက ပြောပါတယ်။ မဲရလဒ်ကို သီတင်းပတ်နှောင်းပိုင်းမှာ တရားဝင်အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။

35 mins Ago
Up