ဆွီဒင်လက်ရွေးစင်ဘောလုံးအသင်းရဲ့ လူစာရင်းထုတ်ပြန်ခဲ့ရာမှာ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ အေစီမီလန် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။
ဆွီဒင်အသင်းဟာ ယူရိုခြေစစ်ပွဲစဉ်တွေအဖြစ် ဘယ်လ်ဂျီယံ၊ အဇာဘိုင်ဂျန်အသင်းတွေနဲ့ ဒီလထဲမှာကစားရမှာပါ။
အေစီမီလန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ ဒူးဒဏ်ရာကြောင့် ကာလအတော်ကြာအနားယူခဲ့ရသူဖြစ်ပြီး ကလပ်အသင်းမှာလည်း ခြေစွမ်းမပြနိုင်သေးပေမဲ့ ဆွီဒင်နည်းပြ အန်ဒါဆန်ကရွေးချယ်ခဲ့တာပါ။
မိုဗစ်ကို ပွဲထွက် လူစာရင်းမှာပါဝင်စေမှာမဟုတ်ဘဲ လူစားဝင်ကစားသမားအဖြစ် အသုံးပြုမှာဖြစ်တယ်လို့ ဆွီဒင် နည်းပြက ပြောထားပါတယ်။
မိုဗစ်ဟာ ဆွီဒင်အသင်းသမိုင်းတလျှောက် ဂိုးအများဆုံးကစားသမားဖြစ်ပြီး စုစုပေါင်း ၁၂၁ ပွဲမှာ ၆၂ ဂိုးသွင်းယူပေးထားပါတယ်။