close

ဆွဲကြိုးချသေ

close

March 19, 2023

လှည်းကူးတွင် အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံး

ရန်ကုန်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ မေဃဝတီ ( ၃ ) လမ်းမှာ မတ် ၁၇ ရက် ညပိုင်းက  အမျိုးသားတယောက်  ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

အသက် ၃၁ နှစ်အရွယ် စွပ်ကျယ်အမည်း၊ ဂျင်းဘောင်းဘီတို ဝတ်ဆင်ထားတဲ့ အမျိုးသားဟာ  အဲဒီ ည ၉ နာရီခွဲလောက်မှာ သူနေထိုင်တဲ့ အိမ်မှာ ဆွဲကြိုးချ အနေအထားနဲ့ သေဆုံးနေတာကို မိသားစုဝင် တယောက်က တွေ့ခဲ့တာပါ။

လှည်းကူးအခြေစိုက် နာရေးအသင်းက "ည ၉ နာရီခွဲလောက်က DB (အလောင်း) တစ်ခု ကောက်ရမယ်လို့ ရဲက ခေါ်လို့ သွားတာပါ။ အသက်က ၃၁ နှစ် သာသနာ့ရိပ်သာ ရပ်ကွက်နေသူပါပဲ။ မိသားစုဝင်တွေကို ရဲက မေးနေတာတော့ ရှိတယ်။ ဘယ်လိုကြောင့်လဲ မသိသေးဘူး " လို့ ဆိုပါတယ်။

ဒီဖြစ်ရပ် မဖြစ်ခင်က သေဆုံးသူဟာ မိသားစုဝင်တွေနဲ့ ပြဿနာဖြစ်ခဲ့ခြင်း မရှိသလို သောက်စားပြီး မူးယစ်ရမ်းကားသူ မဟုတ်ဘူးလို့ သိရပြီး မိသားစုဝင်တွေ နေအိမ်မှာ မရှိခိုက် ဆွဲကြိုးချသွားခဲ့တာလို့ သိရပါတယ်။ 

ရုပ်အလောင်းကို လှည်းကူးဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပြီး သေဆုံးမှုကို လှည်းကူး ရဲစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

15 mins Ago

July 4, 2020

ထိုင်းမှပြန်လာပြီး ပုသိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရသူ ၁ ဦး ဆွဲကြိုးချသေဆုံး

ဧရာတိုင်း၊ ပုသိမ်မြို့၊ သမဝါယမသင်တန်းကျောင်းမှာ ပြည်ပနိုင်ငံကပြန်လာသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်တဲ့နေရာမှာ ဇူလိုင် ၃ ရက်နေ့ ညပိုင်းက အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဆွဲကြိုးချသေဆုံးခဲ့တဲ့ အမျိုးသားဟာ ထိုင်းနိုင်ငံကပြန်လာပြီး အသွားအလာကန့်သတ်စောင့် ကြည့်ခံနေရတဲ့ မြန်အောင်မြို့နယ် မဲဇင်းရွာက အသက် ၂၇ နှစ်အရွယ် ကိုနေထက်လင်း ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ "ညက မိုးကလည်း ရွာနေတော့ ကျနော်တို့က အပြင်ဘက်က ကြည့်နေရတာ အသံက သိပ်မကြားရဘူးလေ။ သူက အိမ်သာထဲဝင်သွားပြီး ဆွဲကြိုးချနေတာ၊ တော်တော်ကြာမှ သိရတာ။ အဲ့တာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆက်အကြောင်းကြားပြီး စစ်ဆေးတာတွေ လုပ်ရတာ" လို့ ပြောပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာချိန် သမဝါယမကျောင်းအတွင်းရဲ့ အိမ်သာထဲမှာ ပီနံကြိုးအသုံးပြုပြီး ဆွဲကြိုးချသေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဆွဲကြိုးချသေဆုံးခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားရဲ့ ရုပ်အလောင်းကို ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ စစ်ဆေးတာတွေပြုလုပ်ဖို့ မနေ့ညပိုင်းက ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကပြန်လာပြီး အသွားအလာကန့်သတ်ကာ ဧရာဝတီတိုင်း ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုပြုလုပ်ပေးနေတဲ့ အမျိုးသား ၁ ဦးလည်း ဇွန် ၁၇ ရက်နေ့ ညနေပိုင်းက ဆွဲကြိုးချသေဆုံးမှု ဖြစ်ခဲ့ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
3 years Ago
Up