close

ဆွဲမိုင်းမိ

close

August 30, 2021

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် ဆွဲမိုင်းမိသဖြင့် ၇ ဦးသေပြီး အများအပြားဒဏ်ရာရ

ပေါက်မြို့နယ်အတွင်းက ပင်တောင်ကျေးရွာနဲ့ ဝန်ခြုံးကျေးရွာကြားမှာ ထိုးစစ်ဆင်ဖို့ ရောက်ရှိလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆွဲမိုင်းမိလို့ ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက ''ညနေ ၃ နာရီလောက်မှာ ဆွဲမိုင်းမိတာတဲ့။ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ထော်လာဂျီနဲ့တင်ပြီး သယ်သွားတာမြင်တယ်'' လို့ ပြောပါတယ်။

က.ပ.စ (ဆိပ်ဖြူ) နဲ့ က.ပ.စ (ပေါက်) က စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဝန်းကျင်လောက် လောင်ချာ၊ အာပီဂျီစတဲ့ လက်နှက်ကြီးတွေနဲ့ ထိုးစစ်ဆင်ဖို့ရောက်ရှိလာကြတာလို့ ဒေသခံတွေဆီက သိရပါတယ်။

အခုဖြစ်စဉ်ကို ပေါက်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က ပြုလုပ်ခဲ့တာဖြစ်ကြောင်း အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းမြောက်ခြမ်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ ကိုဗစ်ရောဂါဒဏ်ခံစားရပြီး ပြန်လည်ကျန်းမာလာ အသက် ၇၈ နှစ်အရွယ် အဘိုးအိုတဦးလည်း တောင်ဝှေးနှစ်ချောင်းနဲ့ လမ်းလျှောက်ဆန္ဒပြရာမှာ ပါဝင်ခဲ့ပါတယ်။

13 mins Ago
Up