close

ဇင်ချန်ကို

close

April 26, 2023

ဇင်ချန်ကိုနှင့် ဂျေဆုကို ရောင်းချခဲ့မှုအတွက် နောင်တရစရာမရှိကြောင်း ဂွါဒီယိုလာပြော

အသင်းနောက်ခံလူ ဇင်ချန်ကိုနဲ့ တိုက်စစ်မှူး ဂါဘရီယယ်ဂျေဆုတို့ကို အာဆင်နယ်အသင်းဆီ ရောင်းချခဲ့မှုအတွက် နောင်တရစရာမရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်မှူး ဂျေဆုနဲ့ နောက်ခံလူ ဇင်ချန်ကိုတို့ကို ခေါ်ယူအားဖြည့်ခဲ့ပြီးနောက် မန်စီးတီးအသင်းကို အဓိကစိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာခဲ့ပြီး ချန်ပီယံဆုအတွက် အပြိုင်အဆိုင် ဖြစ်လာခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အသင်းရဲ့ ကစားသမားနှစ်ဦးကို ရောင်းချခဲ့တာဟာ ကလပ်နှစ်သင်းနဲ့ ကစားသမား သုံးဦး၊ သုံးဖက်စလုံးအတွက် အကောင်းဆုံးဖြစ်ခဲ့ပြီး နောင်တရစရာ မရှိကြောင်း ပြောခဲ့တာပါ။

ဂျေဆုနဲ့ ဇင်ချန်ကိုတို့ဟာ အသင်းအတွက် အကောင်းဆုံး ကစားပေးခဲ့ကြသူတွေဖြစ်ပြီး မကျေနပ်စရာ မရှိကြောင်း၊ သူတို့ရဲ့အပြောင်းအရွှေ့ဟာ အားလုံးအတွက် အဆင်ပြေတဲ့ ပြောင်းရွှေ့မှုဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

14 mins Ago

February 26, 2023

ယူကရိန်းစစ်ပွဲ ၁ နှစ်ပြည့်အဖြစ် အာဆင်နယ်အသင်းခေါင်းဆောင်လက်ပတ် ဇင်ချန်ကို တပ်ဆင်ကစား

ယူကရိန်းစစ်ပွဲ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မနေ့ညက လက်စတာအသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်း ခေါင်းဆောင်းလက်ပတ်ကို နောက်ခံလူ ဇင်ချင်ကိုက တပ်ဆင်ကစားခဲ့ပါတယ်။ 

ကွင်းလယ်လူ အိုဒီဂတ်က အသင်းရဲ့ အမြဲတမ်း အသင်းခေါင်းဆောင်ဖြစ်ပေမယ့် ရုရှားနဲ့ စစ်ဖြစ်ပွားတဲ့အချိန် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယူကရိန်းလက်ရွေးစင် ဇင်ချန်ကိုက  အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့တာပါ။ 

အဲဒီလို ကစားစေမယ့် အစီအစဉ်ကို အသင်းခေါင်းဆောင်အိုဒီဂတ်ကိုယ်တိုင်အကြံပေး ခဲ့တာဖြစ်တယ်လို့ သိရပြီး အဲဒီပွဲစဉ်မှာ အာဆင်နယ်က လက်စတာကို ၁ ဂိုး ဂိုး မရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ရုရှားနဲ့ စစ်ပွဲကို ယူကရိန်းနိုင်ငံသားတိုင်းက ရပ်တန့်ချင်တဲ့ ဆန္ဒရှိကြောင်း ဇင်ချင်ကိုက ပြောဖူးပါတယ်။ 

သူဟာ ယူကရိန်းလက်ရွေးစင်အသင်းမှာ ၅၂ ပွဲ အထိကစားထားပြီး ပြီးခဲ့တဲ့နွေရာသီက မန်စီးတီး ကနေ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ 

2 months Ago
Up