close

ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီး

close

January 29, 2022

ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဆရာတော်သစ်နက်ဟန်၏ဈာပန ကျင်းပ

ကမ္ဘာ့အထင်ရှားအကျော်ကြားဆုံး ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ဆရာတော် ‘သစ်နက်ဟန်’ရဲ့ ဈာပနကျင်းပရာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဟွေမြို့ရှိ ဘုရားကျောင်းဝင်းကို ကမ္ဘာတဝန်းက ဆရာတော်ကို ကြည်ညိုလေးစားသူတွေ တန်းစီပြီး နောက်ဆုံးလာရောက် ဂါရဝါပြုကြပါတယ်။ 

သက်တော် ၉၅ နှစ်ရှိ ဇင်ဗုဒ္ဓဘာသာဘုန်းကြီးတော်ကြီးဟာ ဇန်နဝါရီ ၂၂ ရက်က ကွယ်လွန်ခဲ့တာပါ။   ဆရာတော်ဟာ ၁၉၆၀ ပြည့်နှစ်တွေအတွင်း ဗီယက်နမ်စစ်ကို ဆန့်ကျင်ရာမှာ စတင်ကျော်ကြား ခဲ့သူပါ။

Engaged Buddhism ခေါ် ဗုဒ္ဓကျင့်စဉ်နဲ့ နေ့စဉ်လူမှုဘဝထဲ နေထိုင်နည်း စာအုပ်ပေါင်းများစွာ ရေးသားပြီး ငြိမ်းချမ်းရေး၊ မေတ္တာနဲ့ ကရုဏာ အလေ့အကျင့်တွေ ကမ္ဘာတဝန်း သင်ကြား ပို့ချပေးခဲ့ပါတယ်။ 

ဆရာတော်သစ်နက်ဟန်ဟာ ငယ်စဉ်မှာပဲ တိုင်းပြည်ကနေ တိမ်းရှောင်ခဲ့ရပြီး ပြင်သစ်မှာ Plum Village တရားရိပ်သာထူထောင်ပြီး တရားပြခဲ့ပါတယ်။

၂၀၁၄ ကျမှ ဗီယက်နမ် မွေးရပ်မြေကို ပြန်ကြွရောက်ခဲ့တာပါ။ ဆရာတော့်ရုပ်အလောင်းကို တနင်္ဂနွေနေ့မှာ မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

3 mins Ago
Up