အင်ဒိုနီးရှားနိုင်ငံက အစွန်းရောက် ရှေးရိုးစွဲဝါဒီတွေကြီးစိုးရာ အာချေးပြည်နယ်မှာ ဇနီးမောင်နှံ တစုံဟာ အိမ်ထောင်ကွဲ လိင်ဆက်ဆံမှုအတွက် ဒေသန္တရ အစ္စလာမစ်ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲခံရပြီး နိုဝင်ဘာ ၁၀ ရက်က လူပုံ အလယ်မှာ ကြိမ်ဒဏ်ပေး ခံခဲ့ရပါတယ်။
ဘန်ဒါအာချေးမြို့ရဲ့ ဥယျာဉ်ထဲမှာ ဒေသန္တရအစိုးရ အရာရှိတွေ အပါအဝင် လူပရိသတ်ရှေ့မှာ ရှရီယာ ရဲက ကြိမ်ဒဏ်ပေးခဲ့တာပါ။
အာချေးပြည်နယ်ဟာ အင်ဒိုနီးရှားမှာ အစ္စလာမစ်ဥပဒေကို လိုက်နာပြီး ခိုးမှု၊ လောင်းကစားမှုနဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေအတွက် လူပုံအလယ် ကြိမ်ဒဏ်ပေးတဲ့ မွတ်စလင် လူများစုရှိရာ တခုတည်းသော ပြည်နယ်လည်း ဖြစ်ပါတယ်။
အာချေးပြည်နယ်မှာ လူပုံအလယ် ကြိမ်ဒဏ်ပေးတဲ့ အလေ့အထကို ၂၀၀၅ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး. ဒေသခံ အများအပြားက ဒီလုပ်ရပ်ကို ထောက်ခံ အားပေးကြပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့အမိန့်ကို ပြည်နယ်ဥပဒေပြုကောင်စီဝင် တချို့က သဘောမတူပေမဲ့ ကောင်စီရဲ့ အတည်ပြုချက် မလိုတဲ့အတွက် ဒီဓလေ့က အသက်ဝင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ကချင်ပြည်နယ်အတွင်းက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်မှာ နေထိုင်တဲ့ ဇနီးမောင်နှံအား စက်တင်ဘာ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ၀န်းကျင်လောက်မှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သားများက ဖမ်းခေါ်သွားတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီနေ့ဖမ်းခေါ်သွားတဲ့ ဇနီးမောင်နှံက ဘာနိုင်ငံရေးမှမလုပ်ပါဘူး။ အမျိုးသမီးက လမ်းဘေးမှာ ဈေးဆိုင်လေးဖွင့်တာပါ။ သူ့အမျိုးသားက ပူတာအို MAM ၀န်ထမ်းတစ်ယောက်ပါ။ ဇနီးမောင်နှံရဲ့ အိမ်ကို ရဲနဲ့စစ်သားတွေက လာဝိုင်းပြီး ဖမ်းခေါ်သွားတယ်။ ခုချိန်ထိ ဘာကြောင့် ဖမ်းခေါ်သွားတယ်ဆိုတာ ဘယ်သူမှမသိဘူး။”
ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီက ဖမ်းဆီးထားတာ ၅ ဦးထိ ရှိလာပြီး မတရားဖမ်းဆီးခံရတဲ့အထဲ အမျိုးသမီး ၃ ဦး ပါ၀င်နေတယ်လို့ သိရပါတယ်။
ပူတာအိုခရိုင်မှာ စက်တင်ဘာ ၂၀ ရက်နေ့ကစပြီး ပြည်သူ့စစ်သင်တန်းတွေ ဖွင့်လှစ်ကာ သက်ကြီးရွယ်အိုတွေမကျန် ပြည်သူ့စစ်သင်တန်းကို အတင်းတက်ခိုင်းနေတယ်လို့ သိရပါတယ်။