close

ဇလွန်

close

April 1, 2022

ဇလွန်မြို့တွင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ရေလဲတိုက်နယ်မှာ မတ်လ ၃၀ ရက်နေ့က စစ်ကောင်စီသတင်းပေးတယောက်  သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် ဒေသခံပြည်သူ ၅ ယောက် ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

ရေလဲတိုက်နယ်မှာ ကိုတိုးမောင်ဆိုသူကို ဇလွန်ပြည့်သူကာကွယ်ရေးတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး နေ့ခင်းပိုင်းမှာတင် လမ်းသွားလမ်းလာ ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“အဲ့ဖြစ်တဲ့နေ့ခင်းပိုင်းပဲ ဖမ်းသွားတာ။ လူငယ် ၂ ယောက်ပါသွားတာ ထင်တာတော့ အဖမ်းပြတာထင်တယ်။ အဖမ်းခံရတဲ့ လူငယ်တွေတော့ ကံဆိုးတာပေါ့ နောက်တနေ့ကျတော့ ၃ ယောက်ထပ်အဖမ်းခံရတယ် ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို ဘယ်မှာ ထိန်းသိမ်းထားတယ် ဘာအမှုနဲ့ အရေးယူမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

ဇလွန်မြို့နယ်ထဲက စစ်ကောင်စီသတင်းပေးကို ရှင်းလင်းတာဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ဇလွန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး နှိပ်စက်နေတာလို့ ဆိုပါတယ်။

ဇလွန်မြို့နယ်မှာ မတ်လ ၂၈ ရက်နေ့က စိုက်ပျိုးရေးဘဏ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့သလို မတ်လ ၂၉ ရက်မှာ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို ဇလွန်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

1 min Ago

January 9, 2022

ဇလွန် NLD ပါတီဝင် ၁၀ ဦးကျော်ကို စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင်တဦး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်ပိုင်း NLD ပါတီဝင် ၁၀ ဦးကျော်ကို ၂ ရက်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

ကော့ကပ်တိုက်နယ်အတွင်းက စစ်ကောင်စီသတင်းပေး ကြံ့ခိုင်ရေးပါတီဝင် အေးကိုဆိုသူ ဇန်နဝါရီ ၇ ရက်နေ့ညပိုင်းက အသတ်ခံရပြီးနောက်ပိုင်း  ၂ ရက်အတွင်းမှာ NLD ပါတီရဲ့ ရပ်ကျေးဉက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် ၁၀ ဦးကျော်ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဒလန်သေတာကို ဘာမှမဆိုင်တဲ့ NLD က လူတွေအိမ်ကို ဝင်ဖမ်းတာ ရမ်းပြီးလိုက်ဖမ်းတာ။ ခုဆို ၁၀ ယောက် ကျော်သွားပြီ အဖမ်းခံရတာ။ စစ်(-) တွေက သိတဲ့အတိုင်း လူစိတ်ရှိတာမဟုတ်ဘူးဗျ၊ အဖမ်းခံရတဲ့သူတွေ ဘေးကင်းပါစေ ဆုတောင်းနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဝင် အေးကိုဆိုသူမှာ ညပိုင်း အိမ်ခဲနဲ့အထုခံရတာကြောင့် နေအိမ်ရှေ့မှာ အော်ဟစ်ဆဲဆိုနေချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

ကြံ့ခိုင်ရေးပါတီဝင် အေးကို သေဆုံးပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ရွာကိုရောက်လာချိန်မှာ အစ်ကိုဖြစ်သူ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆဲဆိုပြီး ပါးရိုက်ခဲ့သလို ရွာသားတွေကိုလည်း ခြိမ်းခြောက်ပြီး ရမ်းသမ်းဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုပါတယ်။

3 months Ago
Up