ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ ဇာပိုရီရှာနျူကလီးယားဓာတ်အားပေးစက်ရုံကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
စစ်ဆင်ရေးစတည်းက ရုရှားစစ်တပ်ဟာ ယူကရိန်းကွပ်ကဲမှုဌာနချုပ်နဲ့ ဆက်သွယ်ရေးဌာန ၃၁ခု အပါအဝင် စစ်ဘက်အခြေခံအဆောက်အဦ ပံ့ပိုးမှု အင်္ဂါရပ်ပေါင်း ၁၁၁၄ ခုကို ထိမှန်အောင် ပစ်ခတ်ခဲ့ပြီးပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါကိုနာရှန်ကို့ဗ်က ရုပ်သံ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်၊
တင့်ကားနဲ့ တခြားသံချပ်ကာယာဉ် ၃၁၄ စီး ၊ ဒုံးကျည်ပစ်စင် ၅၇ ခုနဲ့ အမြောက်နဲ့ မော်တာ ၁၂၁ ခု ကို ရုရှားက ဖျက်ဆီးခဲ့ပြီးပြီလို့လည်း သူက ပြောပါတယ်။
ရုရှားဘက်က အဆုံးအရှုံးအရေအတွက်ကို ရုရှားစစ်တပ် ပြောခွင့်ရက မပြောခဲ့ပါဘူး။ ဒါပေမဲ့ အဆုံးအရှုံးက ယူကရိန်းစစ်တပ် အရာရှိတွေကြားက အဆုံးအရှုံးထက်စာရင် အများကြီး နည်းတယ်လို့ သူက ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်း အစိုးရတွေကြား တဖက်နဲ့တဖက် အဆုံးအရှုံး ပမာဏကို ကြေညာရာမှာ ကျယ်ကျယ်ပြန့်ပြန့် ကွာဟနေပါတယ်။