close

ဇာဟာ

close

October 22, 2022

ဇာဟာကို ဆက်ထိန်းရန် အစွမ်းကုန်ကြိုးပမ်းမည်ဟု ပဲလေ့နည်းပြဗီအဲယာ ပြော

တောင်ပံတိုက်စစ်မှူး ဝီးဖရတ်ဒ်ဇာဟာကို ဆက်ထိန်းဖို့ အစွမ်းကုန်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ခရစ္စတယ်ပဲလေ့နည်းပြ ဗီအဲယာကပြောပါတယ်။

ဇာဟာ ဟာအခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ လိုအပ်နေတာပါ။

လက်ရှိအချိန်အထိ သဘောတူညီမှုမရသေးပေမယ့် ဇာဟာကို အသင်းမှာဆက်ရှိဖို့ အစွမ်းကုန်လုပ်ဆောင်သွားရမယ်လို့ နည်းပြဗီအဲယာကပြောပါတယ်။

ဇာဟာဘက်ကလည်း အသင်းမှာဆက်ရှိနေလိုတယ်ဆိုတာ သံသယ ဖြစ်စရာမရှိကြောင်း၊ တချိန်တည်းမှာပဲ မိမိတို့အသင်းဘက်ကလည်း ဘယ်လောက်အထိရည်မှန်းချက် ရှိတယ်ဆိုတာ ပြသဖို့လိုအပ်ကြောင်း နည်းပြ ဗီအဲယာကပြောပါတယ်။

အသက် ၂၉ နှစ်ရှိ အိုင်ဗရီကို့စ် တိုက်စစ်ကစားသမားဟာ ၂၀၁၃ ခုနှစ်က မန်ယူအသင်းဆီ ပြောင်းရွှေ့ခဲ့ဖူးပေမယ့် ၂၀၁၄ ခုနှစ်မှ အငှားစာချုပ်နဲ့ပြန်လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

သူဟာ ပဲလေ့အသင်းမှာ ပွဲပေါင်း၄၀၀ ကျော်ကစားထားပြီး ဂိုး ၈၀ ကျော်သွင်းယူပေးထားပါတယ်။

2 hours Ago

January 8, 2020

ဇာဟာ၏ အေးဂျင့်အသစ်နှင့် ဘိုင်ယန်မြူးနစ် ဆွေးနွေးနေဟု သတင်းထွက်ပေါ်

ခရစ္စတယ်ပဲလေ့စ်အသင်း တောင်ပံတိုက်စစ်မှူး ဝိုင်းဖရက်ဇာဟာရဲ့ အေးဂျင့်အသစ် ဖြစ်သူဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးနေပြီလို‌ေ Daily Mail သတင်းမှာ ဖော်ပြပါတယ်။ ဒီသတင်းကြောင့်ပဲ အိုင်ဗရီကို့စ် လက်ရွေးစင်ကို ဘွန်ဒက်စ်လီဂါမှာ မြင်တွေ့ရတော့မလား အားလုံးက စိတ်ဝင်စားလာကြပါတယ်။ ဇာဟာဟာ ခရစ္စတယ်ပဲလေ့စ်ကနေ ထွက်ခွာချင်တယ်လို့ ကာလရှည် သတင်းကြီးခဲ့သူဖြစ်ပြီး သူ့ရဲ့အေးဂျင့်ဟောင်း ဝီလ်ဆဲလ်သော့နဲ့ လမ်းခွဲကာ အေးဂျင့်သစ် ပီနီဗာဟာဗီနဲ့ မကြာသေးခင်က လက်တွဲခဲ့ပါတယ်။ အေးဂျင့်သစ်နဲ့ ဘိုင်ယန်တို့အကြား ဆွေးနွေးမှုတွေ ဆောင်ရွက်နေပေမယ့် ဒီအပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ဖို့ နည်းပါးတယ်လို့ သတင်းတွေမှာ သုံးသပ်နေကြပေမယ့် ဇာဟာက အေးဂျင့်အသစ်နဲ့ လက်တွဲလိုက်တာကြောင့် သူဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ အနှေးနဲ့အမြန် ထွက်ခွာတော့မယ်ဆိုတဲ့ အသံတွေဟာလည်း ပိုပြီး ဆူညံလာပါတယ်။ ဇာဟာရဲ့ အေးဂျင့်ဟောင်းဖြစ်သူ ဝီလ်ဟာ ပဲလေ့စ်အသင်းပိုင်ရှင် စတိဗ်ပါးရစ်နဲ့  နီးကပ်တဲ့ ဆက်ဆံရေးရှိတာကြောင့် သူဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာဖို့ ခက်ခဲနေတာလို့ ယူဆရပါတယ်။ ဇာဟာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းထက် ဆုဖလားတွေကို ပိုပြီးစိန်ခေါ်နိုင်တဲ့ အသင်းတသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသူဖြစ်ပြီး အေးဂျင့်အသစ်ဟာ ရီယိုဖာဒီနန်၊ အီဗရာဟီမိုဗစ် စတဲ့ နာမည်ကျော် ဘောလုံးသမားတွေရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်ဖူးသူလည်း ဖြစ်ပါတယ်။  ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဘက်က သူ့ကို ရာသီအကုန်အထိ ဆက်ထိန်းထားဖွယ် ရှိနေတာကြောင့် အခု ဇန်နဝါရီအပြောင်းအရွှေ့ထက် နွေရာသီအပြောင်းအရွှေ့မှာမှ ဖြစ်လာနိုင်ပါတယ်။ ဇာဟာဟာ ခရစ္စတယ်ပဲလေ့စ်ကနေ ထွက်ခွာပြီး မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ခဲ့ဖူးပေမယ့် ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းကို ပြန်လည်ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဇာဟာဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အဲဗာတန်၊ အာဆင်နယ် စတဲ့အသင်းတွေရဲ့ အပြောင်းအရွှေ့ပစ်မှတ် ဖြစ်ခဲ့ပေမဲ့ အသင်းပြောင်းနိုင်ခဲ့ခြင်းမရှိတဲ့ ကစားသမား ဖြစ်ပါတယ်။  လက်ရှိအချိန်မှာ သူ့ကို ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အပြောင်းအရွှေ့ဟာ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာပြီပဲ ဖြစ်ပါတယ်။  ဇာဟာဟာ အခုရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး သုံးဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
3 years Ago
Up