close

ဇီဝစစ်ပွဲ

close

March 10, 2022

ယူကရိန်းနိုင်ငံထဲ ဇီဝစစ်ပွဲ စီစဉ်နေဟု အမေရိကန်ကို ရုရှားစွပ်စွဲ

ပလိပ်ရောဂါနဲ့ ထောင့်သန်းရောဂါ အပါအဝင် သေစေနိုင်လောက်တဲ့ ရောဂါဖြစ်စေတဲ့ ဇီဝပစ္စည်းတွေပါတဲ့ ယူကရိန်းရဲ့ စစ်ဘက် ဇီဝဗေဒ အစီအစဉ်လို့ ရုရှားအစိုးရက သံသယရှိတဲ့ အစီအစဉ်ကို အမေရိကန်က ဘာကြောင့် ထောက်ပံ့ခဲ့သလဲဆိုတာ အမေရိကန်အစိုးရ အနေနဲ့ ကမ္ဘာကြီးကို ရှင်းပြဖို့ ရုရှားက တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပညာရှင်တွေ လုပ်ငန်းဆောင်ရွက်နေတဲ့ ယူကရိန်းနိုင်ငံထဲက ဇီဝစစ်ပွဲဆိုင်ရာ ဓာတ်ခွဲခန်းလို့ စွပ်စွဲထားတဲ့ နေရာတွေမှာ ဘာတွေဖြစ်နေလဲဆိုတာ သိဖို့ ကမ္ဘာကြီးက သိပ်ကို စိတ်ဝင်စားလိမ့်မယ်လို့လည်း ရုရှားသမ္မတနန်းတော်က ပြောပါတယ်။
ဒီစွဲချက်နဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရဆီက ပွင့်လင်းမြင်သာမှုကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက မတ်လ ၉ ရက်မှာ တောင်းဆိုခဲ့တာပါ။
ဒါပေမဲ့ ယူကရိန်းအစိုးရက စွဲချက်ကို ငြင်းသလို အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရကလည်း ဒါဟာ အဓိပ္ပာယ်မရှိတဲ့ ဖြစ်နိုင်ခြေမရှိတဲ့ ကိစ္စတွေလို့ ပြောဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် နောက်ပိုင်းမှာ ပလိပ်၊ ကာလဝမ်း၊ ထောင့်သန်းနဲ့ တခြားရောဂါတွေကို ဖြစ်စေတဲ့ ပစ္စည်းတွေကို ဖျက်ဆီးဖို့ ယူကရိန်း ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ပေးထားတာကို ပြနေတဲ့ စာရွက်စာတမ်းတွေ ရုရှားမှာရှိတယ်လို့ ဇာခါရိုဗာက ပြောပါတယ်။
ဒီစာရွက်စာတမ်းတွေရဲ့ စစ်မှန်မှုကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုဖို့ မဖြစ်နိုင်ပါဘူး။ ရုရှားရဲ့ စွဲချက်ကို ယူကရိန်းကရော အမေရိကန်ကပါ ပယ်ချခဲ့ကြပါတယ်။

1 min Ago
Up