close

ဇီဝဓာတ်ခွဲခန်း

close

March 12, 2022

ဇီဝဓာတ်ခွဲခန်း ရှိသည်ဆိုသည့် ရုရှားစွပ်စွဲချက် ယူကရိန်း ပယ်ချ

ယူကရိန်းနိုင်ငံထဲမှာ ဇီဝလက်နက် စစ်ပွဲအတွက် ဓာတ်ခွဲခန်းတွေ ရှိတယ်ဆိုတဲ့ ရုရှားရဲ့ စွဲချက်ကို ယူကရိန်း သမ္မတက ပယ်ချလိုက်ပါတယ်။

ဇီဝလက်နက်တွေ တီထွင်ထုတ်လုပ်ဖို့ အမေရိကန်အစိုးရဟာ ယူကရိန်း ဓာတ်ခွဲခန်းတွေနဲ့အတူ လုပ်ဆောင်နေတယ်လို့ ရုရှားက ထပ်ခါတလဲ စွပ်စွဲခဲ့တာပါ။

ယူကရိန်းနိုင်ငံထဲ ရုရှားစစ်တပ်တွေ ချီတက်တိုက်ခိုက်နေချိန်မှာ ရုရှားမီဒီယာတွေက အလားတူ စွဲချက်တွေ ပိုတိုးလာနေတာပါ။ 

မတ် ၉ ရက်မှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာကပါ စွပ်စွဲခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇေလန်စကီးကတော့ ဒီစွပ်စွဲချက်တွေရဲ့ အဓိပ္ပာယ်က ရုရှားဟာ ယူကရိန်းကို ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ရုပ်သံမိန့်ခွန်းထဲမှာ ပြောပါတယ်။

အမေရိကန် အစိုးရကတော့ ရုရှားရဲ့ စွဲချက်ဟာ ရီစရာ ကောင်းပြီး ရုရှားအစိုးရက ဓာတုလက်နက် ဒါမှမဟုတ် ဇီဝလက်နက်သုံးဖို့ အခင်းအကျင်းတွေ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ မတ် ၉ ရက်နေ့က ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း အလားတူစိတ်ပူကြောင်း မတ် ၁၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။ 

3 mins Ago
Up