close

ဇွန်ဘီတီဗီစီးရီး

close

January 30, 2022

တောင်ကိုရီးယား ဇွန်ဘီတီဗီစီးရီးသစ် 'All of Us Are Dead' စတင်ထုတ်လွှင့်

တနာရီစာ အပိုင်း ၁၂ ပိုင်း ပါရှိတဲ့ တောင်ကိုရီးယား ဇွန်ဘီတီဗီစီးရီးအသစ် 'All of Us Are Dead' ကို ဇန်နဝါရီ ၂၈ ရက်က အင်တာနက်ရုပ်သံ Netflix မှာ စတင်ထုတ်လွှင့်ခဲ့တယ်လို့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေက သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။

နာမည်ကြီး ဝက်ဘ်ဆိုဒ်ကာတွန်းဇာတ်လမ်းတခုကို အခြေခံရိုက်ကူးထားတဲ့ စီးရီးပါ။ အထက်တန်းကျောင်းတခုက ကျောင်းသားတွေကြား ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ပြီး ပြေးပေါက်ပိတ်သွားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းပါ။

ဒါရိုက်တာ Lee Jae-kyoo က “လူငယ်ကျောင်းသားတွေဟာ သေရေးရှင်ရေး အခက်ကြုံလာရတဲ့အခါ ဘာကို ရွေးချယ်မလဲ၊ ဘယ်လို ဖောက်ထွက်မလဲ၊ လေးနက်တဲ့ ဘဝအဓိပ္ပာယ်တွေ စဉ်းစားစရာတွေ ပါပါတယ်၊ အခြားဇွန်ဘီစီးရီးတွေနဲ့ ကွာခြားမှုရှိပါတယ်၊ သရုပ်ဆောင်တွေဆီက ဇွန်ဘီအကတွေ ဇွန်ဘီအချစ်တွေလည်း ရရှိမှာပါ” လို့ ပြောပါတယ်။

Netflix မှာ အပေါက်ဆုံး 'Squid Game' စီးရီးမှာ ပါဝင်ခဲ့တဲ့ တောင်ကိုရီးယား မင်းသမီးချော Lee Yoo-mi လည်း ပါဝင်ထားပါတယ်။

4 mins Ago
Up