close

ဇွဲထက်ရွှေဆိုင်

close

March 30, 2022

မန္တလေးမြို့ရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ လမ်း ၃၀ ထောင့်ရှိ ဇွဲထက်ရွှေဆိုင်ရှေ့မှာ မတ်လ ၃၀ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အမည်မသိ လူ ၂ ယောက်က ဆိုင်ကယ်နဲ့ ဗုံးလာပစ်သွားတာဖြစ်ပြီး ရွှေဆိုင်အပြင်မှာ ပေါက်ကွဲခဲ့ကာ လူ ၅ ယောက် ထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။

“ဗုံးကွဲတော့ ရွှေဆိုင်ထဲ ဗုံးစ စင်တာရှိတယ်။ ဆိုင်ကို ချက်ချင်းပိတ်သွားတယ်။ လူထိခိုက်တာ ပွန်းပဲ့ရုံလောက်ပဲ မစိုးရိမ်ရဘူး။ လူနာတင်ယာဉ်တွေပေါ် ထိုင်လိုက်သွားကြတယ်။” လို့ မျက်မြင်တွေ့သူ တဦးက ပြော ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာကာ ဓာတ်ပုံရိုက်မှာ စိုးရိမ်တာကြောင့် အနီးနားက လူတွေကို ဖုန်းတွေ သိမ်းခိုင်းခဲ့တယ်လို့  သိရပါတယ်။

ဒါ့အပြင် မီးသတ်နဲ့ ရဲတွေလည်း ရောက်လာပြီး လမ်းပိတ်ဆို့ စစ်ဆေးတာတွေ လုပ်ခဲ့ကြပါတယ်။

11 mins Ago
Up