close

ဈေးရောင်းပွဲ

close

November 4, 2021

မဲဆောက်မြို့က တန်ဆောင်တိုင် ဈေးရောင်းပွဲတော် (ဓာတ်ပုံ)

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ တန်ဆောင်တိုင်ကာလ  ၁၀ ရက်ကြာ ဈေးရောင်းပွဲတော်မှာ မြန်မာတေးဂီတဝိုင်းနဲ့ ရွှေ့ပြောင်းမြန်မာတွေလည်း ပါဝင် ဆင်နွှဲနေကြပါတယ်။

ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ၁ နှစ်နီးပါး ဖွင့်လှစ်ခွင့်မရတဲ့ မဲဆောက်က ဈေးရောင်းပွဲကို အခုနှစ်မှာတော့ ပြန်ဖွင့်ခွင့်ရတာပါ။

ထိုင်းဈေးသည်တစ်ဦးက “ ကျမတို့ အခုလို ဈေးရောင်းပွဲတွေ ပြန်ဖွင့်လို့ အရမ်းပျော်ပါတယ်။ တနှစ်နီးပါး အကြာကြီး ပိတ်ထားရ တယ်။ အရမ်းပျော်တယ်။ ရောင်းရတာ မရောင်းရတာကတော့  ဝယ်တဲ့သူအပိုင်းပေါ့နော်။ ကျေးဇူးပါရှင်။” လို့ပြောပါတယ်။

မဲဆောက်မှာ မြန်မာတွေ များပြားတာကြောင့် ဒီပွဲကို မြန်မာတွေ လာရောက်ဆင်နွဲကြသလို ဈေးရောင်းပွဲ ၁၀ ရက်လုံးလုံး မြန်မာခေတ်ပေါ် တေးဂီတဝိုင်းနဲ့လည်း ဖျော်ဖြေသွားမယ်လို့ မြန်မာတီးဝိုင်း အဖွဲ့သား ကိုအချိုင်းကပြောပါတယ်။

အခုလို မဲဆောက်မှာ ဈေးရောင်းပွဲ ကျင်းပ ပျော်ရွှင်နေကြချိန်မှာပဲ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းထားတဲ့ အခြေအနေဆိုးကြောင့် မြန်မာတွေ ထိုင်းဘက်ကို အလုပ်လုပ်ဖို့ အဝင်များနေသလို အဖမ်းအဆီးတွေလည်း များနေပါတယ်။

အခု မဲဆောက်က ဈေးရောင်းပွဲကိုတော့ အခုနိုဝင်ဘာ  ၂ ရက်ကနေ ၁၁ ရက်အထိ ၁၀ ရက်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။  

1 min Ago
Up