close

ဈေးရောင်းသူ

close

March 1, 2022

ရပ်စောက်တွင် ဆိုင်ကယ်ဖြင့် ဈေးလိုက်ရောင်းသူ ၁ ဦး မိုင်းနင်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီခွဲအချိန်လောက်က သီပေါမြို့ကနေ ဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းသူ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာ ပြင်းထန်ရရှိသွားတယ်လို့ သိရပါတယ်။ 

ဒေသခံတဦးက “မိုင်းနင်းမိသူ အမျိုးသားက သီပေါမြို့ကနေ နောင်ဝိုးကျေးရွာဘက်ကို ဆိုင်ကယ် နဲ့ ဈေးသွားရောင်းချိန် ဖြတ်လမ်းကနေ သွားလိုက်လို့ မိုင်းနင်းမိတာပါ” လို့ ပြောပါတယ်။

နမ့်လန် လူငယ်ပရဟိတ အဖွဲ့ဝင်တစ်ဦးက “ဘယ်ဘက်ခြေ ဖနောင့်ပြတ်ထွက်သွားပြီး ခြေထောက် တစ်ချောင်းလုံးလည်း မိုင်းစတွေ မှန်ထားလို့ လားရှိုးမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအနီး ဈေးသည်အမျိုးသား နင်းမိခဲ့တဲ့မိုင်းဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ထောင်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူတိုက်နယ် နောင်ဝိုးကျေးရွာဘက်မှာ ဖေဖော်ဝါရီ  ၄ ရက်နေ့ ကတည်းက မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ RCSS တို့ကြားတိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားပါတယ်။

15 mins Ago

January 7, 2021

ဈေးရောင်းသူ ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့သဖြင့် ရွှေညောင်မြို့မဈေးကို ယာယီပိတ်

ရှမ်းပြည်နယ်၊ ရွှေညောင်မြို့မဈေးထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်ယောက် တွေ့ရှိခဲ့တာကြောင့် ဇန်နဝါရီ ၆ ရက်ကစပြီး ဈေးကိုယာယီပိတ်သိမ်းလိုက်တယ်လို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။ ရွှေညောင်မြို့မဈေးအတွင်း ဇန်နဝါရီ ၅ ရက်နေ့က စတိုးဆိုင်တစ်ခုမှာ အရောင်းဈေးသည် အဖြစ် လုပ်ကိုင်နေတဲ့ အမျိုးသမီး တစ်ယောက်  အနံမရတော့တဲ့အတွက် ရွှေညောင် ကွာရန်တင်းစခန်းမှာ ထားရှိပြီး စစ်ဆေးရာက ပေါ့စတစ်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက "ဈေးဆိုင်တစ်ဆိုင်က ဈေးအကူရောင်းတဲ့ကောင်မလေးပါ။ အနံ့‌ပျောက်လို့ ကိုဗစ်ပိုး စစ်ဆေးချိန် ရောဂါတွေ့လို့ဈေးကို ယာယီပိတ်ထားလိုက်တာပါ။ ဇန်နဝါရီ ၆ ရက်က စပြီး နှစ်ပတ် ယာယီနားလိုက်တာ" လို့  ပြောပြပါတယ်။ လက်ရှိမှာ အဆိုပါအမျိုးသမီးနဲ့ထိတွေ့ထားသူ မိသားစုဝင် ၃ ယာက်နဲ့ စတိုးဆိုင်မှာ အလုပ်အတူတူ လုပ်ကိုင်သူ ၄ ယောက်တို့ကို  အ-ထ-က(ရွှေညောင်) စောင့်ကြည့်စခန်းမှာထားရှိပြီး ဆိုင်ခန်းပိုင်ရှင်ဖြစ်သူကို တောင်ကြီးမြို့နယ် Hotel  Quarantine တစ်ခုမှာထားရှိပါတယ်။ ရွှေညောင်မြို့မဈေးကို နှစ်ပတ်ယာယီပိတ်ထားမှာဖြစ်ပြီး လတ်တလောမှာ  ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၅ ယောက်အထိ ဒေသတွင်း ရှိနေတာဖြစ်လို့ ရောဂါပိုးတွေ့လူနာတွေကို စဝ်စံထွန်းဆေးရုံကြီးသို့ ပို့‌ဆောင်ထားပြီး  ထိတွေ့သူ ၂၁ ယောက်ကို  စောင့်ကြည့်နေတယ်လို့ ပြည်နယ် အစိုးရအဖွဲ့ထံကနေ သိရပါတယ်။ သတင်း - ရဲထွဋ်  
1 year Ago
Up