close

ဈေး

close

January 31, 2022

အသံတိတ်သပိတ်နေ့ ပြင်ဦးလွင်မြို့တွင် ဈေးနှင့် ဆိုင်ခန်းများဖွင့်ရန် စစ်ကောင်စီ စာလိုက်ဝေ

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ၁ နှစ်ပြည့်  အသံတိတ်သပိတ်နဲ့ ဆန္ဒပြဖို့ရှိနေချိန်မှာ စစ်ကောင်စီက ပြင်ဦးလွင်မြို့မှာ ဈေးဆိုင်တွေ ဖွင့်လှစ်ရောင်းချကြဖို့ လိုက်လံဆော်ဩနေပါတယ်။

ဆိုင်တချို့ကိုတော့  ဒလန်တွေရဲ့ သတင်းပေးမှုကြောင့် ပိုင်ရှင်ကို လာရောက်ဖမ်းဆီးသွားတဲ့အပြင် ဆိုင်ကိုလည်း နိုင်ငံပိုင် သိမ်းသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဈေးတွေ ဆိုင်ခန်းတွေ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင် စတာတွေကို အသံတိတ်သပိတ်နေ့မှာ မဖြစ်မနေ ဖွင့်လှစ်ဖို့ စာတွေလိုက်ဝေထားပြီး လာရောက်စားသုံးသူ၊ ဝယ်ယူသူ မရှိလည်း ဖွင့်ထားဖို့ ပြောဆိုသွားတယ်လို့ ဆိုင်ပိုင်ရှင် တယောက်က ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကိုလည်း အသံတိတ်သပိတ်နေ့မှာ အလုပ်သမားတွေက အလုပ်ဆင်းကြဖို့ စာနဲ့တကွ လာရောက် ပြောဆိုသွားတာတွေရှိတယ်လို့ အဆိုပါအသိုင်းအဝိုင်းက သိရပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ တစ်နှစ်ပြည့် ဖြစ်တာကြောင့် နိုင်ငံတဝန်းမှာ အသံတိတ်သပိတ် ပြုလုပ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ လူထုဆန္ဒဖော်ထုတ်တာတွေ ပြုလုပ်ကြဖို့ ရှိနေတာပါ။

1 min Ago

June 3, 2021

မိုးကောင်းမြို့မစည်ပင်သာယာဈေးအတွင်း မီးလန့်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မစည်ပင်သာယာဈေးအတွင်း ဇွန် ၃ ရက် နေ့လယ် ၁ နာရီလောက်က စျေးမရောင်းဘဲ  ပိတ်ထားတဲ့ ဆိုင်ခန်းတစ်ခုမှာ မီးလန့်မှု ဖြစ်ပွားခဲ့ပါတယ်။

“မီးလောင်တဲ့ဆိုင်ဟာ ဈေးရုံအမှတ် ၈ က ပိတ်ထားတဲ့ ဆိုင်ခန်း နံပတ် ၂၈ မှာပါ။ ဆိုင်ခန်းရဲ့ပျဉ်ကြမ်းခင်း ၆ လက်မလောက် မီးလောင်သွားတာကို တွေ့ရပါတယ်။”လို့ ဈေးအတွင်း ဈေးရောင်းနေသူ တစ်ဦးက ပြောပါတယ်။

ဆိုင်ခန်းကပိတ်ထားတာဖြစ်တဲ့အတွက် မီးလောင်တဲ့အကြောင်းရင်းကို မသိရှိခဲ့ကြောင်းနဲ့ ဂျပ်စက္ကူကို မီးရှို့ပြီး ပစ်တင်ခဲ့တာဖြစ်နိုင်ကြောင်း စည်ပင်သာယာဈေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

     ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုးကောင်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဈေးတာဝန်ရှိသူတွေလည်း လာရောက်စစ်ဆေးကာ  မှတ်တမ်းယူခဲ့ပါတယ်။

8 months Ago
Up