close

ညပိုင်း ဗုံးပေါက်ကွဲ

close

September 17, 2021

မန္တလေး နေရာအချို့တွင် ညပိုင်း ဗုံးပေါက်ကွဲ

မန္တလေးမြို့ရဲ့ နေရာတချို့မှာ စက်တင်ဘာ ၁၇ ရက် ည ၇ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုတွေဖြစ်ပွား  ထိခိုက်ဒဏ်ရာရ အခြေအနေကိုတော့ မသိရသေးပါဘူး။

၃၅ လမ်း ၊ ၇၁ လမ်း ဝန်းကျင်၊ ၃၅ လမ်းနဲ့ စိန်ပန်းလမ်း ဝန်းကျင်တို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး တခြားနေရာတွေလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ညခုနှစ်နာရီလောက်က ဗုံးသံ နှစ်ခါကြားတယ်။ ဒုတိယအကြိမ်ကြားတာတော့ တော်တော်ကျယ်တယ်။ နေရာအတိအကျတော့ မသိရဘူး။ အသံလာတာကတော့ ၁၁ မှတ် ရဲစခန်းဘက်က ထင်တယ်။” လို့ မန္တလေးမြို့နေ ပြည်သူတစ်ဦး က ပြောပါတယ်။

ဒါ့အပြင် မန္တလေးမြို့ရဲ့ နေရာအနှံ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ လှည့်နေပြီး ဧည့်စာရင်းစစ်ဖို့လုပ်နေတာတွေရှိတယ်လို့ သိရပါတယ်။

6 mins Ago
Up