close

ညောင်ကိုင်းရွာ

close

January 26, 2022

ညောင်ကိုင်းရွာအနီး စစ်ကောင်စီတပ်နှင့်ကျွန်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ညောင်ကိုင်းရွာအနီး စစ်ကောင်စီတပ်နဲ့ ကျွန်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဇန်နဝါရီ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညောင်ကိုင်းကျေးရွာအနီး အင်တိုင်း-လိပ်ဆင်းတောင်သွား လမ်းပိုင်းပေါ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကျွန်းလှ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့စစ်ကြောင်း ပထမစထိုးလာတာကို ကျနော်တို့အဖွဲ့တွေက ကြိုတင်သတင်းရထားလို့ တိုက်ခိုက်နိုင်ခဲ့တယ်။ ပစ်ကြတာတော့ သူပစ်၊ ကိုယ်ပစ်ပဲဗျ။ အစပိုင်းကတော့ လက်နက်ငယ်လေးတွေနဲ့ စပစ်နေကြတာ။ နောက်ပိုင်း ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ သုံချက် ပစ်လိုက်တော့ (-) တွေ ပြေးတာ လွင့်နေတာပဲ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျွန်းလှမြို့နနယ်၊ အင်ဒိုင်းကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်တပ်လည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲအတွင်း နှစ်ဘက် အကျအဆုံးမရှိဘဲ ဒေသခံရွာသားတွေကတော့ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

3 mins Ago

September 22, 2020

မိတ္ထီလာ၊ ညောင်ကိုင်းရွာနေ အန်အယ်လ်ဒီထောက်ခံသူ ၄၀ ကို ကြံ့ခိုင်ရေးပါတီ ထောက်ခံသူက အမှုပြန်ဖွင့်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ညောင်ကိုင်းရွာမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး   စက်တင်ဘာ ၂၁ ရက်နေ့မှာ  ကြံ့ခိုင်ရေးပါတီလိုလားသူက  အန်အယ်လ်ဒီပါတီ ထောက်ခံသူ အယောက် ၄၀ ကို  ပြန်ပြီး အမှုဖွင့်လာတယ်လို့  မိတ္ထီလာအမှတ်၂ ရဲစခန်းက သိရပါတယ်။ မိတ္ထီလာအမှတ်(၂) ရဲစခန်းတာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက "ဟုတ်ပါတယ် ပြည်ခိုင်ဖြိုးကလည်း  ပြန်အမှုဖွင့်တယ်။ အပြန်အလှန်အမှုပါ"လို့ ပြောပါတယ်။ နာကျင်မှုပါတဲ့ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၄၀၊ တုံးသောလက်နက်နဲ့ ပြင်းထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ ဆဲဆိုမှု ပုဒ်မ၂၉၄၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူကိုဖြိုးကိုက တရားလိုလုပ်ပြီး  အန်အယ်လ်ဒီပါတီ ထောက်ခံသူ ဒေါ်ခင်မာလေးအပါ  အယောက် ၄၀ ကို  မိတ္ထီလာအမှတ်၂ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။ စက်တင်ဘာ ၂၀ ရက်က မိတ္ထီလာမြို့နယ်က ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေ လှည့်လည်လာရာမှာ ညောင်ကိုင်းရွာအဝင်မှာ အန်အယ်လ်ဒီထောက်ခံသူတွေနဲ့   ကြံ့ခိုင်ရေး ပါတီလိုလားသူတွေ  နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကြံ့ခိုင်ရေးထောက်ခံသူသန်းကျော်စိုးအပါ ၁၇ ဦးကို အရေးယူပေးဖို့ နာကျင်မှုပါတဲ့ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၄၀၊ နာကျင်စေမှု ပုဒ်မ ၃၃၇၊ ဆဲဆိုမှု ပုဒ်မ ၂၉၄၊ ရာဇဝတ်မကင်းတဲ့ ခြောက်လှန့်မှုပုဒ်မ ၅၀၆၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ ညောင်ကိုင်းရွာနေ အန်အယ်လ်ဒီ ထောက်ခံသူ ဒေါ်ခင်မာလေးက တရားလိုလုပ်ပြီး   မိတ္ထီလာအမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ အလားတူ စက်တင်ဘာ ၈ ရက်နေ့ကလည်း မိတ္ထီလာစက်ကြီးဆည်မြောင်းဝန်းထဲမှာ ကြံ့ခိုင်ရေးပါတီ လိုလားသူတွေက အန်အယ်လ်ဒီ ထောက်ခံသူတဦးကို ခဲနဲ့ ပစ်ပေါက်တာကြောင့် ခဲပေါက်ခံရသူ ကိုဇင်မျိုးသူက တရားလိုလုပ်ပြီး ကိုမျိုးအပါ ၂၀ ဦးကို အမှုဖွင့်ခဲ့ပါတယ်။ သတင်း-မောင်မောင်လင်း
1 year Ago
Up