close

ညောင်ချောင်းကျေးရွာ

close

September 27, 2021

ပုသိမ်မြို့နယ်၌ အန်အယ်လ်ဒီပါတီဝင်အချို့၏ နေအိမ်ကို စစ်တပ်ဝင်စီး၊ ရွာသား ၁၆ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊  အမှတ် ၁၀ ရပ်ကွက်၊ ညောင်ချောင်းကျေးရွာမှာ  စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက စစ်တပ်သတင်းပေးတယောက် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်တပ်က အန်အယ်လ်ဒီ ပါတီဝင်တွေရဲ့ နေအိမ်တချို့ကိုဝင်ရောက်စီးနင်းပြီး ရွာသား ၁၆ ဦးကို ဖမ်းဆီးသွား ပါတယ်။

အကြမ်းဖက်စစ်တပ်က အင်အား ၂၀၀ ကျော်နဲ့ ရောက်လာကာ ညောင်ချောင်းရွာကိုဝင်စီးပြီး အန်အယ်လ်ဒီ ပါတီနေအိမ်တွေနဲ့ သတင်းပေးလိုက်ပြတဲ့အိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့တာလို့ ပါတီဝင် တယောက်က ပြောပါတယ်။

“အဲဒီညကတည်းက  ရွာကို လာဝိုင်းပြီး ရှာတာ အဓိက အန်အယ်လ်ဒီ အိမ်ဆို အကုန်ရှာတာ  ရွာသား ၁၆ ယောက်လောက်အဖမ်းခံရတယ်။ ပါတီဝင်တွေကတော့ အစပိုင်းကတည်းက ရှောင်ထားလို့ မပါကြဘူး။ နောက်ရက် သူတို့စိတ်ထဲရှိတဲ့ ပါတီဝင်တွေရဲ့အိမ်ကို ဝင်ရှာတာ”လို့ ပြောပါတယ်။

စစ်တပ်သတင်းပေး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး ညစဥ်ဆိုသလို ပုသိမ်မြို့တဘက်ကမ်းမှာရှိတဲ့ အမှတ် ၉ နဲ့ ၁၀ ရပ်ကွက်က ပါတီဝင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က ဝင်ရောက်ရှာဖွေနေတာလို့ ဆိုပါတယ်။

စစ်တပ်သတင်းပေး အမျိုးသားကို သေနတ်နဲ့ပစ်သတ်တာဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းမှာပဲ PWDF အဖွဲ့က ထုတ်ပြန်ခဲ့ပေမဲ့ စစ်တပ်က မဆိုင်တဲ့သူတွေကို ဖမ်းဆီးပြီး အန်အယ်လ်ဒီပါတီဝင်တွေရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေနေတာလည်း ဖြစ်ပါတယ်။

1 min Ago
Up