စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီကျော်ကနေ ည ၆ နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ညောင်ပင်ဝန်းကျေးရွာဟာ မုံရွာ-မန္တလေး လမ်းမပေါ်မှာ တည်ရှိပြီး ခရီးသည်တင်ကား အများစု ရပ်နားရာကျေးရွာဖြစ်တာမို့ လူစည်ကားတယ်လို့ ဆိုပါတယ်။
မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက “ရဲစခန်းကိုပစ်တာက ဟုတ်ပါတယ်ဗျ။ တော်လှန်ရေးအဖွဲ့ အတော်များများပါတယ်လို့ သိထားရပါတယ်။ ကျနော်တို့ ဒေသခံခေါင်းဆောင်တွေ ခန့်မှန်းထားတာက စခ၊ ရခ ၈ ဦးကျော် သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရှိနိုင်တယ်လို့ ခန့်မှန်းတယ်ဗျ။ အတိကျတော့ မသိရနိုင်ဘူးလေ။ (--) တွေက သူတို့ခံရတဲ့ သတင်းမျိုးကတော့ သေတောင်မထုတ်ဘူး ငါ့အစ်ကိုရေ” လို့ ပြောပါတယ်။
ပစ်ခတ်မှုကို တိုက်နယ်စွန် PDF အဖွဲ့နဲ့ ဗိုလ်မိုးကြိုး အဖွဲ့တို့က ဦးဆောင်ကာ ဒေသတွင်း မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်ကလည်း စနိုက်ဘာ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ နယ်မြေကျွမ်းကျင်မှုကို အသုံးချနိုင်ခဲ့တာကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က တဦးတယောက်မှ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့ကို ဆက်သွယ်ထားတဲ့ ကလေး-သိုင်းငင်း၊ တီးတိန်လမ်းမကြီးကို ဒီဇင်ဘာ ၂၉ ရက်ကစပြီး ဒေသခံတွေရော ခရီးသွားတွေပါ အသုံးမပြုကြဖို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ အသီးသီးက သတိပေးထားပါတယ်။
အဆိုပါလမ်းမကြီးဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယ ကုန်သွယ်ရေးမှာ အရေးပါတဲ့ လမ်းမကြီးတခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာမှု အခြေအနေအရ ပိတ်ပင်ရတာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၇ ရက်က ကလေးမြို့ဘက်ကနေ အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီယာဉ်တန်းဟာ သိုင်းငင်းဘက်ကို ဦးတည်ထွက်ခွာလာပြီး Civic Defense Militia - CDM - Siyin ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေဖြစ်နိုင်တာကြောင့် ပိတ်ပင်ရတာလို့ CDM- Siyin အဖွဲ့က ပြောပါတယ်။
“ကလေး-သိုင်းငင်းလမ်းကို ခေတ္တယာယီပိတ်ပါတယ်။ ပြန်လည်အသုံးပြုလို့ရတဲ့အခါ တရားဝင် ပြန်လည်ကြေညာပေးပါမယ်။”
ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် သတိပြုစေလိုပြီး ခရီးသွားလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ကြောင်း၊ လမ်းကြောင်းကို ပြန်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာရှိတဲ့ ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာ ၂ဝ ရက် မနက် ၇ နာရီလောက်မှာ မဟာမိတ်တွေနဲ့အတူ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်နယ်စွန် PDF က သတင်းထုတ်ပြန်ပါတယ်။
မုံရွာ-မန္တလေးလမ်းပိုင်းရဲ့ စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်ကြားမှာရှိတဲ့ ညောင်ပင်ဝန်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဟာ ခရီးသွားလာသူတွေဆီကနေ ငွေကြေးကောက်ခံနေတာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်ရတာလို့ တိုက်နယ်စွန် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ စွန်နက်က ပြောပါတယ်။
“ရဲတွေ၊ စစ်သားတွေက ပုံမှန် ၁၅ ယောက်လောက် ရှိပါတယ်။ အင်အားစုတဲ့အခါ ၅ဝ ကနေ ၁ဝဝ ကြားရှိပါတယ်။ ညောင်ပင်ဝန်းရဲစခန်းမှာ မကြာခဏအင်အားစုပြီး အနီးနားမှာရှိတဲ့ရွာတွေကို ဒုက္ခပေးနေတာတွေ၊ စစ်ကြောင်းထိုးပြီး စခန်းချတာတွေ၊ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာတွေကြောင့် တိုက်ခိုက်ရတာ ဖြစ်ပါတယ်။”
ပစ်ခတ်နေချိန် လမ်းပိုင်းမှာ ပြည်သူကားတွေ သွားလာနေတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို တိုက်နယ်စွန် PDF ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃၊ တပ်ရင်း ၈၊ ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ တိုက်နယ်စွန် PDF က သတင်းထုတ်ပြန်ထားပါတယ်။