close

တကသ

close

March 13, 2022

မြန်မာ့ဂုဏ်ရည်လမ်း မီးတုတ်သပိတ်ကို စစ်အုပ်စုက အကြမ်းဖက်ရိုက်နှက်ဖြိုခွင်း၊ ၆ ဦးခန့်ဖမ်းဆီးခံရ

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ  မတ်လ ၁၃ ရက် ဒီကနေ့ည ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့တဲ့   စစ်အာဏာရှင်ဆန့်ကျင်ရေး မီးတုတ်သပိတ် ဆန္ဒပြပွဲကို  စစ်ကောင်စီလက်ပါးစေတွေက အကြမ်းဖက်ဝင်ရောက် ရိုက်နှက်ပြီး အနည်းဆုံး ၆ ယောက်လောက်ကို ဖမ်းဆီးသွားပါတယ်။  

တကသများရန်ကုန်အဖွဲ့က ဦးဆောင်ပြီး တခြားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ မြန်မာ့ဂုဏ်ရည်လမ်းအတိုင်း မန္တလေးလမ်းထိပ်ကနေ ၉၂လမ်းထိပ်အထိ ချီတက်ဆန္ဒပြခဲ့တာဖြစ်ပြီး သပိတ်ခွဲခါနီးမှာ  စစ်ကောင်စီလက်ပါးစေတွေက အရပ်ဝတ်တွေနဲ့ဝင်ရောက်ရိုက်နှက်ဖမ်းဆီးကာ သပိတ်ဖြိုခွင်းခဲ့တာပါ။ 

သပိတ်ဖြိုခွင်းခံရတာကြောင့် ၆ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တဲ့ အကြောင်းနဲ့ ဖမ်းဆီးခံရသူတွေအထဲ  အသက်မပြည့်သေးတဲ့ မိန်းကလေး ၃  ယောက်ပါဝင်တယ်လို့  သပိတ်မှာ ပါဝင်သူတစ်ဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

10 mins Ago

May 24, 2021

မန္တလေးအခြေစိုက် တကသသပိတ်စစ်ကြောင်း စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

မန္တလေး အခြေစိုက် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ သပိတ် စစ်ကြောင်းက ဒီနေ့ မေလ ၂၄ ရက်နေ့ ညနေပိုင်း မန္တလေးမြို့ မိန်းလမ်းမပေါ်သို့တက်ကာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

Photo-Kaung Zaw Hein/MPA

10 months Ago
Up