close

တကောင်းမြို့

close

May 7, 2023

တကောင်းမြို့ ညောင်ကုန်းရွာသား ၄၀ ကျော်ကို စစ်တပ် ဖမ်းဆီး

မန္တလေးတိုင်း၊ တကောင်းမြို့၊ ညောင်ကုန်းကျေးရွာသား ၄၀ ကျော်ကို မေ ၆ ရက် မနက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတယ်လီဂရမ်မှာတော့ မန္တလေး-မြစ်ကြီးနားလမ်းအနီး မီတာ ၁၅၀၀ ဝန်းကျင်ကို စစ်ကြောင်းထိုးမယ်လို့ အသိပေးထားပြီးနောက် စစ်ကြောင်းထိုးလာတာလို့ ဒေသခံတဦးက ပြောပါတယ်။

"ကားလမ်းနားက လူတွေကို ရှောင်ခိုင်းတယ်။ ခဏကြာတော့ စစ်ကြောင်းထိုးတာပဲ။ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ထားတယ်။ အတိအကျတော့ မသိရသေးဘူး” 

မန္တလေး-မြစ်ကြီးနားလမ်းတလျောက်ကို နယ်မြေရှင်းလင်း စစ်ကြောင်း ထိုးလာပြီးနောက် စစ်တပ် က ညောင်ကုန်းရွာသား ၄၀ ကျော်ကို ဖမ်းဆီးသွားပြီး ဖမ်းဆီးရသူအများစုဟာ  အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ညောင်ကုန်းကျေးရွာကို မတ် ၂၈ ရက်ကလည်း စစ်ကြောင်းထိုး မီးရှို့တာကြောင့် နေအိမ် ၂၀ မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

3 hours Ago

June 16, 2022

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရသဖြင့် ကားတစီး မီးလောင်ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီးမှာ ဖားကန့်ဘက်ကနေ ကျောက်စိမ်းတွေသယ်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Tagaung PDF အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

၆၅ စီးပါ စစ်ကောင်စီယာဉ်တန်းဟာ စစ်ကိုင်းတိုင်းဘက်ကတဆင့် ထီးချိုင့်တံတားကနေ ဖြတ်သန်းမောင်းနှင်လာတာဖြစ်ပြီး ကြိုတင်သတင်းရရှိတာကြောင့် ဇွန် ၁၅ ရက် ညနေ ၃ နာရီကျော်က ဆင်ညှပ်ကုန်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Tagaung PDF အဖွဲ့ တာဝန်ရှိသူတဦးက "သုံးလုံးခွဲလိုက်တော့ ကားတစီးလည်း မီးလောင်သွားတယ်။ ဒါပေမဲ့ (--)တွေက ကျနော်တို့ကို မြင်တယ်ဗျ။ အဲ့လိုကျော်သွားပြီးတော့ ကျနော်တို့ကို လှမ်းမြင်တယ်၊ ကားပေါ်ကကောင်တွေက။ ဒါပေမဲ့ ပစ်လည်းပစ်မသွားဘူး၊ ဒီတိုင်းပဲကြည့်ပြီးတော့ ကျော်မောင်းသွားတာ။ နောက်ဆွဲခံလိုက်ရတဲ့ကားရဲ့ နောက်ကကားကလည်း မြင်တယ်။ ဒါပေမဲ့ နှစ်ချက်လောက်ပဲဖောက်ပြီးတော့ ဆက်မဖောက်တော့ဘူး။ သူတို့က စစ်ပန်းတဲ့သဘောမျိုး ဖြစ်နေတာ။ အဲ့လိုမျိုးမို့ မပစ်တော့ဘဲနဲ့ မီးလောင်သွားတဲ့၊ မိုင်းထိသွားတဲ့ ကားကြီးကိုပဲ ရှောင်ပြီးတော့ ဆက်မောင်းသွားတာ" လို့ ပြောပါတယ်။

ယာဉ်တန်းထဲက အစီး ၂၀ မြောက်ကားကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး ကားတစီးလုံး မီးလောင်ပျက်စီးသွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးလောက် သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိ‌နိုင်တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်တန်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းက ဖြတ်သန်းစဉ် အင်းတော်‌မြို့အနီးမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ သေဆုံးထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။

11 months Ago
Up