close

တက္ကဆက် မူလတန်းကျောင်း

close

May 26, 2022

တက္ကဆက် မူလတန်းကျောင်း ပစ်ခတ်ခံရမှု ထိတ်လန့်ဝမ်းနည်းရဟု ကုလအတွင်းရေးမှူးချုပ်ပြော

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် မူလတန်းကျောင်းမှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က  နက်နက်ရှိုင်းရှိုင်း ထိတ်လန့်ဝမ်းနည်းရတယ်လို့ သူ့ရဲ့ပြောခွင့်ရ စတက်ဖနီဒူဂျာရစ်က မေ ၂၄ ရက်မှာ ပြောပါတယ်။

သေဆုံး ဒဏ်ရာရသူအများစုက ကလေးတွေ ဖြစ်နေလို့ အထူးသဖြင့် နှလုံးသားကို နာကျင်စေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

မိသားစုတွေ၊ ဓားစာခံ တယောက်ချင်းစီရဲ့ ချစ်ခင်ရတဲ့သူတွေနဲ့ သူတို့ လူ့အဖွဲ့အစည်း တရပ်လုံးကို စာနာကြောင်းလည်း ဆိုပါတယ်။

အသက် ၁၈ နှစ်အရွယ် အမျိုးသားတယောက်က တက္ကဆက်ပြည်နယ် ယူဗဲဒီမြို့ထဲက မူလတန်းကျောင်းကို မေ ၂၄ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ခဲ့လို့ ကလေး ၁၉ ယောက် အပါအဝင် လူ ၂၁ ယောက် သေဆုံးခဲ့ပါတယ်။

1 min Ago
Up