close

တက်စ်လာ လျှပ်စစ်ကား

close

April 28, 2022

တရုတ်နိုင်ငံထုတ် တက်စ်လာလျှပ်စစ်ကား တင်သွင်းခွင့်မပြုဟု အိန္ဒိယပြော

အမေရိကန် တက်စ်လာကုမ္ပဏီရဲ့ လျှပ်စစ်ကားတွေ အိန္ဒိယနိုင်ငံမှာ ဆိုင်ဖွင့်ပြီး ထုတ်လုပ်ရောင်းချ ပြည်ပတင်ပို့မှာကို ကြိုဆိုပေမယ့် တရုတ်နိုင်ငံကနေ တင်သွင်းတာကိုတော့ လက်မခံကြောင်း အိန္ဒိယ သယ်ယူပို့ဆောင်ရေးဝန်ကြီး နစ်တင် ဂဒ်ကာရီက ဧပြီ ၂၆ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။

“တက်စ်လာကို တည်ထောင်သူ အီလွန်မက်စ်ခ်ဟာ တရုတ်နိုင်ငံထဲမှာ ထုတ်လုပ်ပြီး အိန္ဒိယနိုင်ငံထဲမှာ ရောင်းချင်တယ်၊ ဒါဟာ အိန္ဒိယအတွက် ကောင်းတဲ့ အဆိုပြုချက် မဟုတ်ဘူး” လို့ သူက ပြောပါတယ်။

တက်စ်လာဟာ အိန္ဒိယမှာ သူ့ရဲ့ လျှပ်စစ်ကားတွေကို တင်သွင်းရောင်းချဖို့ အပူတပြင်းရှိနေပြီး စည်းကြပ်ခွန်တွေ ဖြတ်တောက်ဖို့ အိန္ဒိယ အစိုးရအရာရှိတွေကို ၁ နှစ်နီးပါးကြာ စည်းရုံးခဲ့တာပါ။

ဒါပေမဲ့ အလုပ်အကိုင်ဖန်တီးရေးနဲ့ ပြည်တွင်းထုတ်ကုန် တိုးမြှင့်ရေးအတွက် ဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့ ရဲ့ "Make in India" မျှော်မှန်းချက်နဲ့အညီ အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံဖို့ ခိုင်မာတဲ့ အစီအစဉ်ကို တက်စ်လာက မဖော်ပြသေးလို့ တက်စ်လာရဲ့ ကြိုးပမ်းမှုတွေ အရာမထင် ဖြစ်ခဲ့ရပါတယ်။

54 mins Ago
Up