close

တက်လီယာဖီကို

close

December 13, 2022

မက်ဆီကြောင့် ထူးခြားသည့်အားသာချက်ရရှိစေဟု နောက်ခံလူ တက်လီယာဖီကို ပြော

အာဂျင်တီးနားအသင်းမှာ မက်ဆီရှိနေတာက ထူးခြားတဲ့အားသာချက်ရရှိစေကြောင်း အသင်းဖော် နောက်ခံလူ တက်လီယာဖီကိုကပြောပါတယ်။

အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခရိုအေးရှားနဲ့ တွေ့ဆုံနေပြီး မက်ဆီရှိနေတာက အားသာချက်တစ်ခုဖြစ်ကြောင်း တက်လီယာဖီကိုက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးခဲ့တာပါ။

“မက်ဆီရှိနေတာက အမြဲတမ်းပဲ အားသာချက် ရရှိစေတယ်။ သူက ကျနော်တို့ အသင်းခေါင်းဆောင်နဲ့ ဦးဆောင်သူဖြစ်တယ်။ သူရှိနေတာက အသင်းသားတွေကို စိတ်ဓာတ်လှုံ့ဆော်မှုရှိစေတယ်”လို့ နောက်ခံလူ တက်လီယာဖီကိုက ပြောပါတယ်။

ခရိုအေးရှားနည်းပြ ဒါလစ်ကတော့ အာဂျင်တီးနားကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့မယ်ဆိုရင် ခရိုအေးရှားသမိုင်းမှာ အကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းတင်ကျန်ရစ်မယ်လို့ ပြောသွားပါတယ်။ 

9 mins Ago
Up