close

တင်ဒါ

close

August 18, 2022

မြေ၊ အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက် ၂၇ ခုကို ရောင်းချရန် စစ်ကောင်စီ တင်ဒါခေါ်

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်လက်ဝယ်ရှိ နိုင်ငံပိုင် မြေနဲ့အဆောက်အဦ၊ တိုက်ခန်းနဲ့ မြေကွက် စုစုပေါင်း ၂၇ ခုကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချမယ်လို့ အာဏာသိမ်းစစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MOPF) ရဲ့ ဝက်ဘ်ဆိုက်မှာ ဩဂုတ် ၁၈ ရက်စွဲနဲ့  ကြေညာထားပါတယ်။

ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတိုင်းတို့မှာရှိတဲ့ မြေနဲ့ အဆောက်အဦ ၂၅ ခု၊  သိုလှောင်ရုံ ၆ လုံး၊ တိုက်ခန်း ၂ ခန်းတို့ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ဩဂုတ် ၁၉ ရက်ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ  တင်ဒါခေါ်ယူရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လကုန်ပိုင်းမှာ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့က မြေနဲ့ အဆောက်အဦနဲ့ မြေကွက် ၂၃ ခု၊ သိုလှောင်ရုံ ၆ လုံးကို ရောင်းချဖို့အတွက် အိတ်ဖွင့်တင်ဒါ တကြိမ် ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁ နိုဝင်ဘာလထဲမှာပဲ အဲဒီ မြေကွက် ၂၃ ခုနဲ့ သိုလှောင်ရုံ ၆လုံးအတွက် အိတ်ဖွင့်တင်ဒါ ထပ်မံခေါ်ယူခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ လက်ရှိ စစ်ကောင်စီကလုပ်နေတဲ့ နိုင်ငံပိုင်မြေ၊ အဆောက်အအုံတွေ ရောင်းချမှုတွေကို အသိအမှတ်မပြုဘူးလို့ ကြေညာထားပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ပိုင်တဲ့ မြေ၊ အဆောက်အအုံ တွေကိုလည်း ဈေးကွက်ပေါက်ဈေးရဲ့ ၃၀ ရာခိုင်နှုန်း ဈေးနှုန်းသတ်မှတ်ပြီး The End of Dictatorship စီမံချက်နဲ့ NUG အစိုးရက ရောင်းချနေပါတယ်။

9 hours Ago

September 14, 2020

တစ်တော့ခ်အပလီကေးရှင်းကို  မိုက်ကရိုဆော့ဖ် မရဘဲ အော်ရကယ်လုပ်ငန်းစုက တင်ဒါအောင်

တရုတ်နိုင်ငံက ဘိုက်ဒန့်စ်နည်းပညာကုမ္ပဏီဟာ သူ့ရဲ့ရုပ်သံဗီဒီယို အတိုလေးတွေ မျှဝေ နိုင်တဲ့ တစ်တော့ခ်အပလီကေးရှင်းကို ရောင်းရာမှာ အော်ရကယ်ကော်ပိုရေးရှင်း ဦးဆောင်တဲ့ လုပ်ငန်းစုကို တင်ဒါအောင်သူအဖြစ် ရွေးချယ်လိုက်ပါတယ်။  ပြိုင်ဘက်လေလံဆွဲသူ မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်းကို အနိုင်ရလိုက်တာလို့ ဒီကိစ္စ နဲ့ နီးကပ်သူကို ကိုးကားပြီး ရိုက်တာသတင်းဌာနက စက်တင်ဘာ ၁၄ ရက်မှာ ဖော်ပြပါတယ်။  တစ်တော့ခ်ကို အမေရိကန်စီးပွားရေးလုပ်ငန်းတွေဆီ မရောင်းရင် အမေရိကန်နိုင်ငံအတွင်း သုံးစွဲခွင့် ပိတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရင်လက ခြိမ်းခြောက်ခဲ့တာပါ။  အဲဒီနောက် ဘိုက်ဒန့်စ်ဟာ ဝယ်မယ့် အလားအလာရှိသူတွေဆီမှာ တစ်တော့ခ် အပလီ ကေးရှင်းကို ရောင်းဖို့ ဆွေးနွေးခဲ့ပါတယ်။  အခု အရောင်းအဝယ်ဖြစ်ဖို့ကိုလည်း ဘိုက်ဒန့်စ်ဟာ အမေရိကန်နဲ့တရုတ်အစိုးရ ၂ရပ်လုံး ဆီက အတည်ပြုချက်ရဖို့ လိုပါတယ်။  အမေရိကန်နိုင်ငံအတွင်း တစ်တော့ခ်ရဲ့ လုပ်ငန်းလည်ပတ်မှုကို မိုက်ခရိုဆော့ဖ်ကို ရောင်းမှာ မဟုတ်တဲ့အကြောင်း ဘိုက်ဒန့်စ်က အကြောင်းကြားခဲ့တယ်လို့ မိုက်ခရိုဆော့ဖ်က စက်တင်ဘာ ၁၃ ရက် အစောပိုင်းမှာ ပြောခဲ့ပါတယ်။ 
2 years Ago
Up