close

တင်ပါးဒဏ်ရာ

close

May 22, 2022

တင်ပါးဒဏ်ရာမသက်သာသဖြင့် စီရော်နယ်ဒို ပဲလေ့နှင့် နောက်ဆုံးပွဲစဉ်ကို လွဲချော်မည်

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ တင်ပါးကြွက်သားဒဏ်ရာ မသက်သာသေးတာကြောင့် ခရစ္စတယ်ပဲလေ့နဲ့ ကစားမယ့် နောက်ဆုံးပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ 

မန်ယူအသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်သေချာဖို့အတွက် ခရစ္စတယ်ပဲလေ့ကို အနိုင်ရဖို့ လိုအပ်နေချိန်မှာ အားထားရတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို လက်လွှတ်ရတော့မှာပါ။ 

အသက် ၃၇ နှစ်ရှိ ပေါ်တူဂီတိုက်စစ်မှူးဟာ  အခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် ၃၀ ကစားအပြီးမှာ ၁၈ ဂိုးသွင်းပြီး ၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာပါ။ 

ရော်နယ်ဒိုနဲ့အတူ ကွင်းလယ်လူ ပေါ့ဘာကလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ခရစ္စတယ်ပဲလေ့နဲ့ပွဲကို လွဲချော်ဖြစ်ပါတယ်။ 

ပေါ့ဘာဟာ အသင်းနဲ့စာချုပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းပြောင်းရွှေ့ဖို့ ရှိနေပြီး ဂျူဗင်တပ်အသင်းဆီပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ 

အခုနှစ်ရာသီ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ နောက်ဆုံးပွဲစဉ်ကို ဒီနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲ တပြိုင်တည်း ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

7 mins Ago

March 7, 2020

တင်ပါးဒဏ်ရာကြောင့် လီဗာပူး ဂိုးသမား အလီဆင် အနားယူရမည်

တင်ပါးဒဏ်ရာကြောင့် ဂိုးသမား အလီဆင်ဟာ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြင် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကိုပါ လွဲချော်တော့မယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  လီဗာပူးအသင်းရဲ့ နံပါတ်တစ် ဂိုးသမား အလီဆင်ဟာ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေဖလား ပဉ္စအဆင့်ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသူဖြစ်ပြီး သူ့နေရာမှာ အရန်ဂိုးသမား အက်ဒရီယန်က ဝင်ကစားခဲ့ပါတယ်။  လက်ရှိအချိန်အထိ အလီဆင် ဒဏ်ရာကြောင့် ဘယ်လောက်နားရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ သူဟာ နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးချိန်အထိ အနားယူရနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲစဉ် ပထမအကျော့မှာ အက်သလက်တီကိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး အလီဆင်ရဲ့ဒဏ်ရာအခြေအနေက ဒုတိယ အကျော့အတွက်ပြင်ဆင်နေတဲ့ လီဗာပူးလ်အသင်းအတွက် ထိုးနှက်ချက်တခု ဖြစ်လာနိုင်စရာရှိနေပါတယ်။  ကလော့က “ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ဂိုးသမားက ဒဏ်ရာရရှိခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးအစီစဉ်မှာ မတော်တဆမှုလေးတခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒဏ်ရာက ကြီးကြီးမားမားမဟုတ်ပေမယ့် သူဟာ ဝင်ကစားဖို့ အဆင်မပြေတာတော့ သေချာခဲ့ပါတယ်‌။ ဒီကိစ္စအပေါ် စွန့်စားလိုခြင်း မရှိတာကြောင့် သူ့ကို ပွဲကစားမယ့် လူစာရင်းကနေ ထုတ်ပယ်လိုက်ပါတယ်။ နောက်တနေ့ ဒဏ်ရာကို စကင်ရိုက်ပြီးတဲ့အချိန်မှာတော့ ကျနော်တို့ တစုံတခုကို ရှာတွေ့ခဲ့ပါတယ်။ ဒဏ်ရာက တင်ပါးမှာရှိတဲ့ ကြွက်သားအသေးလေးတခုမှာ ဖြစ်တာပါ။ ခင်ဗျားတို့အနေနဲ့ ဒီလောက်ဒဏ်ရာလေးနဲ့ဆို အလုပ်ကို လုပ်မြဲအတိုင်း လုပ်နေနိုင်မှာ ဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ် ဂိုးသမားတယောက်အတွက်ကတော့ အဲဒီလို မဟုတ်ဘူးပေါ့” လို့ သတင်းထောက်တွေကို ပြောပါတယ်။ အလီဆင်ဟာ နောက်သီတင်းပတ်ထိ အနားယူနေရဦးမှာ ဖြစ်ပြီး အဲဗာတန်အသင်းနဲ့ ဒါ ဘီပွဲစဉ်မှာလည်း ပါဝင်နိုင်ဖို့  မသေချာသေးဘူးလို့ ဆိုပါတယ်။
2 years Ago
Up