close

တင်ဟာ အကာသယာဉ်စခန်း

close

December 10, 2021

တရုတ်ကျောင်းသားများကို ‘တင်ဟာ အကာသယာဉ်စခန်း’ က သိပ္ပံပညာ သင်ကြားပေး

ကမ္ဘာ့အပြင်ဘက် တရုတ် ‘တင်ဟာ အကာသယာဉ်စခန်း’ (Tianhe space station)  က အာကာသယာဉ်မှူးတွေက ဒီဇင်ဘာ ၉ ရက်မှာ တရုတ်တနိုင်ငံလုံးရှိ ကျောင်းသားတွေကို သိပ္ပံပညာ သင်ကြားပေးခဲ့ပါတယ်။ 

အာကာသသိပ္ပံအကြောင်း အပြန်အလှန်ဆွေးနွေးသင်ကြားတဲ့ စာသင်ခန်းပုံစံကို တရုတ်နိုင်ငံပိုင် ရုပ်သံတွေကနေ တိုက်ရိုက် လွှင့်ပြခဲ့ပါတယ်။ 

အာကာသယာဉ်မှူး တရုတ်အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့က တင်ဟာ အာကသယာဉ်ရဲ့ ခရီးစဉ်၊ သူတို့ရဲ့ အာကာသထဲနေထိုင်မှု၊ ကမ္ဘာ့ဆွဲငင်အား သုညအခြေအနေမှာ သိပ္ပံစမ်းသပ်မှု အချို့ကို သရုပ်ပြသင်ကြားခဲ့ပါတယ်။

တရုတ်က အာကာသထဲမှာ အမြဲတမ်းထားရှိနိုင်မယ့် Module သုံးခုပါ ကမ္ဘာ့အကြီးဆုံး တင်ဟာ အကာသယာဉ်ကို တည်ဆောက်ခဲ့ပြီး ဧပြီလက လွှတ်တင်ခဲ့ပါတယ်။ 

အမေရိကန် NASA နဲ့ နိုင်ငံတကာ အာကာသစခန်း (ISS) တို့က အာကာသ ပူးပေါင်းဆောင်ရွက်မှုဥပဒေအရ တားမြစ်ခဲ့ပေမဲ့၊ တရုတ်တို့က ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း နည်းပညာဖွံ့ဖြိုးမှုတွေနဲ့ ကိုယ်ပိုင်အာကာသယဉ်ကို တည်ဆောက်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ISS အာကာသစခန်းကို ရပ်နားခဲ့တာကြောင့် တရုတ်အာကာသာ စခန်းဟာ ကမ္ဘာ့ပတ်လမ်းထဲမှာ တခုတည်းသော အာကာသစခန်းဖြစ်ပါတယ်။ 

2 mins Ago
Up