ပြင်သစ်နိုင်ငံအလယ်ပိုင်းမှာ ဇွန် ၄ ရက်ညက မုန်တိုင်းဝင်ရောက် တိုက်ခတ်အပြီး တင်းနစ်ဘောလုံးအရွယ်အစားထိ ကြီးတဲ့ မိုးသီးတွေကျခဲ့လို့ ကားပြတင်းပေါက်တွေနဲ့ လှေတွေ ပျက်စီးခဲ့ပါတယ်။
မုန်တိုင်းကြောင့် နိုင်ငံတလွှား အမျိုးသမီး ၁ ဦး သေဆုံးပြီး တခြားလူ ၁၅ ဦး ဒဏ်ရာရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဇွန် ၅ ရက်မှာ ပြောပါတယ်။
နှစ် ၂၀ အတွင်း ပထမဆုံးအနေနဲ့ ပြင်သစ်ခရိုင် ၆၅ ခုမှာ လိမ္မော်ရောင်အဆင့် တပ်လှန့် သတိပေးချက်ကို မိုးလေဝသဌာန မေတီယိုဖရန့်စ်က ထုတ်ပြန်ထားပါတယ်။
ပြင်သစ်အလယ်ပိုင်း ဗစ်ရှီမြို့မှာ ပြင်သစ် လှေလှော်ချန်ပီယံ ရွေးပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့် လှေတွေ မိုးသီးကြောင့် ပျက်စီးကုန်တဲ့အတွက် ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရပါတယ်၊
ဇွန် ၅ ရက်နေ့ မနက်ပိုင်းက အိမ်ခြေ ၁ သောင်းခွဲလောက် လျှပ်စစ်မီးမရှိဘဲ နေရတယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။